၄၄။ မင်းသား၏ အဆုံးအဖြတ်
မုရုံရွှယ် အိုးရန်ရှောင်ချန်ကိုကြည့်လိုက်တယ်။ သူဘာမှမပြောဘဲသောက်လက်စလက်ဘက်ရည်ခွက်လေးကို စားပွဲပေါ်ချလိုက်တယ်။ သူ့ရဲ့ အေးဆက်ဆက်မျက်နှာနဲ့ ကျော့ကျော့မော့မော့ ရှေ့ကိုထထွက်လာတယ်။ သူက အမှန်တကယ့်ကိုချောမောလှပြီး မဟာဆန်တယ် တဲ့သူတစ်ယောက်ပဲ။
လေလံရုံအတွင်းက လူတွေအားလုံးကလည်း အိုးရန်ရှောင်ချန်ရဲ့ တပ်မက်စရာကောင်းခြင်းတွေကို မျက်မြင်ကိုယ်တွေ့ ကြည့်မြင်နိုင်ဖို့အတွက် လည်ပင်းလေးတွေ ဆန့်ရင်းကြည့်နေကြတယ်။ ဒီအိုးရန်မင်းသားဟာ သူတို့အရင်ကတွေ့ခဲ့ဘူးတဲ့ အမျိုးမျိုးသော သူတွေထက်ပိုပြီးကြည့်လို့ကောင်းတယ် ဆိုတာအမှန်တကယ်ပဲ။
သူတို့အတွက်ကတော့ ယုပေါင်ရွှမ်ကို လာတုန်း အိုးရန်မင်းသားကို မြင်တွေ့ခွင့်ရတာ ဆုလာဒ်ကြီးတစ်ခု ရလိုက်သလို
ရူနျန်းရှမ်းကတော့ လေလံရုံအလယ်ကနေ သူမဒီတစ်လျှောက်လုံး သတိရနေခဲ့တဲ့ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ သူမ မျက်လုံးတွေက အိုးရန်မင်းသားဆီကနေအကြည့်မခွာပဲမနေနိုင်။ သူမြို့တော်ကနေထွက်သွားတုန်းက သူမကအဖွားအိမ်ရောက်နေတာမို့ သူ့ကိုနှုတ်တောင်မဆက်လိုက်ရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်လည်း သူမြို့တော်ပြန်လာခဲ့တယ် အဲ့အချိန်မှာပဲ သူမကအဖွားအိမ်မှာရောက်နေတဲ့ အတွက်မတွေ့လိုက်ရပြန်ဘူး။ သူတို့အချင်းချင်းနောက်ဆုံးတွေ့ခဲ့တာဆိုရင် ဆယ်စုနှစ်၂စုစာ နီးပါးရှိနေပြီ
သူဟာအရင်လိုပဲ အရပ်ရှည်ပြီး အတော်ကြည့်ကောင်းနေတုန်းပဲ။ သူမကြီးပြင်းလာတဲ့ တစ်လျှောက်လုံးသူ့ကိုလွမ်းနေခဲ့တာ
"မင်းသားအိုးရန် ကျွန်မတို့တွေ မတွေ့တာကြာပြီနော်" ရှုနျန်းရှန်းက
နူးညံစွာပြောလိုက်တယ်
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...