ဖြေးဖြေးချင်းသူမ ဆုတ်ကိုင်ထားတဲ့အရာကို ချင်ယွီယမ်လှည့်ကြည့်လိုက်တယ်။ အနက်ရောင် ‘ကျောက်တိုင်’က သူ့ခေါင်းကိုလှည့်လာတယ်။
သူ့မှာ သွေးနီရဲရဲမျက်လုံးကြီးတွေနဲ့။ ထိုမြင်ကွင်းက သူမကိုတုန်လှုပ်သွားစေပြီး သူမဂုတ်နားက ဆံပင်တွေပါတစ်ဆုံးထောင်သွားစေတယ်….
“အား!!!” ချင်ယွီယမ် အော်လိုက်ကာ သူမလက်ကို ပြန်ရုတ်လိုက်တယ်။ သူမထိတ်လန့်မှုအပြည့်နဲ့ နောက်ကိုကယိမ်းကယိုင်ဆုတ်ကာ တချိုးတည်းလှည့်ပြေးတော့တယ်…
အနက်ရောင်‘ကျောက်တိုင်တွေ’အားလုံး နိုးထသွားတယ်။ သူတို့ရဲ့အနက်ရောင်ကိုယ်ထည်တွေပေါ်က တောင်ပံတွေကိုခတ်ပြီး သူမနောက်ကိုချက်ချင်း လိုက်လာကြတော့တယ်…
ချောင်းဘေးနားမှာတော့ မုရုံရွှယ်က သူမရဲ့ငါးကင်နဲ့နို့ဒိန်ချဉ်ကို သောက်ပြီးရုံသာရှိသေးတယ်။ သူမအိပ်စက်ရန်အတွက် ဖျာခင်းမလို့ပဲရှိသေးတယ်၊ ဒုက္ခရောက်နေလို့အကူအညီအော်တောင်းသံကို ကြားလိုက်ရတယ်၊ “ကယ်ကြပါ… ကယ်ကြပါအုံး!!!”
မုရုံရွှယ်ခေါင်းကို နောက်လှည့်လိုက်တော့ ချင်ယွီယမ်ကြောက်လန့်တကြား ပြေးလာတာကိုတွေ့လိုက်ရတယ်။ သူမနောက်မှာ နားရွက်ရှည်ရှည်၊ ခြေတိုတိုနဲ့ ကောင်းကင်က ကြယ်အလင်းရောင်တောင်ကွယ်ပြောက်သွားနိုင်တဲ့ အနက်ရောင်တိမ်လိုကြီးမားတဲ့အတောင်ပံနဲ့ အကောင်တွေလိုက်လာတယ်…
“ဒါတွေက… လင်းနို့တွေပဲ!” ၀ူဟန်အော်ဟစ်လိုက်တယ်။
ဝူဟန်မျက်လုံးတွေက ထိတ်လန့်မှုကြောင့်ပြူးကျယ်နေပြီ။ သူတို့တွေက အုပ်စုဖွဲ့နေရတာကြိုက်ကြတယ်ဆိုပေမယ့် ဒါကတော့အရမ်းများတယ်လေ…
“ဘာလို့သူတို့မျက်လုံးတွေက နီနေတာလဲ?” ရွှမ်ဖုန်းမေးလိုက်တယ်။
သူလင်းနို့တွေ အများကြီးမြင်ဖူးတယ်။ ဒါပေမယ့် သူတို့အကုန်လုံးရဲ့မျက်လုံးတွေက အမည်းတွေချည်းပဲ။
“ဒါက သွေးစုပ်လင်းနို့တွေ! ပြေးတော့!” မုရုံရွှယ်မျက်နှာဖြူဖျော့သွားတယ်။ သူမနားမှာရှိနေတဲ့ အိုးရန်ရှောင်ချန်ရဲ့လက်ကိုဆွဲပြီး ပြေးတော့တယ်။ သွေးစုပ်လင်းနို့တွေရဲ့ပင်ကိုသဘာဝအရ ဒေါသကြီးပြီး သူတို့ရဲ့ပင်မအစားအသောက်က သွေးသာဖြစ်တယ်။ ကောင်းကင်တစ်ခုလုံးပြည့်နှက်နေတဲ့ သူတို့ကို ပြန်တိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး…
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...