၇ ရိုက်​နှက်​ခြင်း

10.8K 1.3K 36
                                    

ရိုက်​နှက်​ခြင်း

Marquisအိမ်​​တော်​ဆိုတာ တကယ်​ကိုမြင့်​မြတ်​တဲ့​ဆွေကြီးမျိုးကြီး​တွေပဲ။ ​ရွှေ​တွေ​ငွေ​တွေမရှိတဲ့သူ​တွေ မဟုတ်​ဘူး။ သူတို့ မင်းသားရဲ့ မင်္ဂလာ​ကြေးကို လုံးဝဂရုစိုက်​စရာမလိုဘူး။ ဒါ​ပေမယ့်​ခု​တော့ မင်္ဂလာ​ကြေးလာ​ပေးတဲ့အခါမှာ မင်းသားကျင်း​ကကိုယ်​တိုင်​လာမ​ပေးရုံတင်​မကဘူး... တန်​ဖိုးကလည်း သာမာန်​ထက်​​တောင်​ နည်း​နေ​သေးတယ်​။ မင်းသားကျင်းက သူ့ညီမ​လေးကို သိသိသာသာကို ​​လေးစားမှုမရှိတာပဲ။ တကယ်​လို့ သူသာ ဘာတစ်​ခွန်းမှမ​ပြောဘဲ မင်္ဂလာ​ကြေးကို လက်​ခံလိုက်​မယ်​ဆိုရင်​... ညီမ​လေးက လုံးဝကို လူ​တွေရဲ့​လှောင်​​ပြောင်​စရာ ဟားတိုက်​စရာလုံးလုံးဖြစ်​သွားလိမ့်​မယ်​...။

သူ့ရဲ့အပြစ်​တင်​ရှုတ်​ချသံကိုကြား​တော့ အိမ်​ထိန်းဝမ်​ မျက်​နှာက မယုံကြည်​နိုင်​ဖြစ်​ပြီး... "အရှင့်​သားက သခင်​မ​လေးမုရုံကို ကိုယ်​လုပ်​​တော်​အ​နေနဲ့ လပ်​ထပ်​မယ်​ဆိုတာ ​မြို့​တော်​မှာ ​ကြော်​ငြာပြီးသွားပြီ​လေ... သခင်​​လေးမသိ​သေးဘူးလား..."

မုရုံရယ်​ ရုတ်​တရက်​ထိတ်​လန့်​ အံ့သြသွားပြီး ​ဒေါသထွက်​စွာ​​ပြောလိုက်​တယ်​..."ဘယ်​တုန်းကလဲ..?"

"အ​စောပိုင်းက လုပ်​သွားတဲ့ ကြိုဆိုတဲ့စား​သောက်​ပွဲမှာပါ.. တရား​ရေးအရာရှိ​တွေအားလုံးလည်း ကြားပါတယ်​... သခင်​​လေးတကယ်​ သတင်းမကြား​​သေးတာလား..? သခင်​​လေး စား​သောက်​ပွဲ မတက်​ဘူးလား..?" အိမ်​ထိန်းဝမ်​ အသာခနဲ့ပြီး​မေးလိုက်​တယ်​။

မုရုံရယ်​ မသက်​မသာ ​ချောင်းဟန့်​လိုက်​တယ်​။ သူအိမ်​​တော်​ကို ပြန်​မလာတာ ရက်​အနည်းငယ်​​တောင်​ရှိ​နေပြီ။ သူ ရိရီချန်း စစ်​ပွဲက​နေ မြို့​တော်​ကို ​အောင်​မြင်​မှု​တွေ ​ပွေ့ပိုက်​ပြီးပြန်​လာတာကို သိ​ပေမယ့်​ ဒီ​နေ့က ကြိုဆိုတဲ့စား​သောက်​ပွဲလုပ်​မယ်​ဆိုတာကို​တော့ မသိခဲ့ဘူး...။

"မင်းသား​က ချင်းရန်​နဲ့ မိုပိုင်းနှစ်​နိုင်​ငံ ငြိမ်းချမ်းဖို့အတွက်​ ဒီသနားစရာ​ကောင်းတဲ့ အကြံကို လိုက်​နာဖို့ ဖိအား​ပေးခံလိုက်​ရတာပါ... သခင်​မ​လေးမုရုံက အဲ့တာ​ကြောင့်​ အနည်းငယ်​ခံစားသွားရမယ်​မှန်းသိပါတယ်​... ဒါ​ပေမယ့်​ သခင်​​လေးက အဲ့တာကို သ​ဘောထားကြီးစွာနဲ့ ခွင့်​လွှတ်​​ပေးမယ်​လို့ ​မျှော်​လင့်​ပါတယ်​..."

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now