101: သံသယဖြစ်ခြင်း

1.8K 182 9
                                    

Zawgyi

(ပထမဆုံး ပြောချင်တာကလေ cha.52က လင်းနန်ရေကြီးတာကို တံတိုင်းဆောက်ခိုင်းပြီး ကာဖို့ လူချမ်းသာတွေဆီက အလှူငွေကောက်ခိုင်းတဲ့ ရှူနန်ရှန်းနဲ့ အခု မုရုံရွှယ် ကယ်ထားတဲ့လူနားရောက်လာပြီး သူကယ္ထားတာပါ လို့ လာပြောတဲ့ ဟူနန်ရှန်း နဲ့ အခု စုနန်ရှန်းက တစ်ယောက်ထဲပါနော်

အရင်အပိုင်းမှာ မပြောထားတာက သွင် သေချာမသိလို့ရယ် E tranမွာကိုက နာမည်သုံးမျိုးကွဲနေတာ တရုတ်လိုကလဲ မတတ်တော့ ဘယ်ဟာအမှန်လဲ သွင်လဲမသိဘူးရယ်

ဒီnoteလေးကို မှတ်ထားနော် နောက်အပိုင်းတွေ သူထပ်ပါလာတဲ့အခါ ရှင်းသွားမှာပါ)

"အင်း"
စုနန်ရှန်း မျက်နှာခပ်တည်တည်နဲ့ ခေါင်းညိတ်လိုက်ပေမယ့် သူမရင်ထဲမှာတော့ လိမ်ထားမိတဲ့အတဲ့ ခုန်ပေါက်နေတယ်

"ကျွန်တော်က တုန့်ဖန်းလီပါ ကျွန်တော့်အသက်ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် "
တုန့်ဖန်းလီ ညင်သာစွာ ပြောလိုက်တယ်
သူ့ရဲ့ ချောမွေ့တဲ့ မျက်နှာက နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိကာ သူ့ရဲ့ မျက်လုံးဝိုင်းတို့က နေရောင်အောက်မှာ တဖိတ်ဖိတ်တောက်နေတယ်

တုန့်ဖန်းလီ? ရှီလျန်ရဲ့ မင်းသားခုနစ်မလား သူမက ကျော်ကြားတဲ့လူကို ကယ်ခဲ့မိတာလား

စုနန်ရှန်း သူမရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကြယ္ကာ ယဉ်ကျေးစွာ ပြောလိုက်တယ်
"ဘာမှအပန်းမကြီးတာမို့ အားနာစရာမလိုပါဘူး မင်းသားတုန့်ဖန်း"

"မင်းက ကျွန်တော့်ကို အကြီးကြီး ကူညီလိုက္တာပါ မင်းစိတ်မရှိဘူးဆိုရင် ကျွန်တော် မင်းကို အိမ်လိုက်ပို့လို့ရမလား ကျေးဇူးတင်တဲ့အနေနဲ့ပါ"
တုန့်ဖန်းလီ ရိုးသားစွာပင် ပြောလိုက်တယ်

"ဒါက..."
စုနန်ရှန်း တွေဝေသွားတယ်
"ကျွန်မအိမ်တော်က မြို့တော်က တိရှီအိမ်တော်ပါ ကျေးဇူးတင်ပါတယ် မင်းသားတုန့်ဖန်း"

"မင်းက အများကြီး အားနာနေတာပဲ ကျေးဇူးပြုပြီး.."
တုန့်ဖန်းလီ ဘေးကို ရွှေ့လိုက်ကာ သူမကို ရှေ့က သွားစေလိုက်တယ် ရိုးရှင်းတဲ့အပြုအမူလေးပေမဲ့ ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိသော အပြုအမူလေးပင်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now