90: မုလျိုဖုန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

2.6K 286 8
                                    

Zawgyi

"ကိုယ်ပါ!!"
အသံမြင့်ကာ ဖြေပြီးနောက် လူရွယ်တစ်ယောက် မုရုံရွှယ်ရှေ့ ပေါ်လာတယ် အတော်လေးနက်မှောင်တဲ့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်တွေကိုကျ ပန်းတွေနဲ့ တန်ဆာဆင်ထားတယ် သူ့ရင်ဘတ်ကြွက်သားအချို့ကို အနည်းငယ်လှစ်ပြထားပြီး လက်တွေကိုလဲ အနည်းငယ်ပင့်တင်ထားတယ်

ထိုသူက ရမ္မက်ဆန်တဲ့အပြုံးနဲ့ ပြုံးနေပြီး သူ့ရဲ့ ပြည့်စုံလှတဲ့ မျက်နှာကြောင့် ကြည့်မိတဲ့လူတိုင်းကို ရူးသွားစေတယ် ဆံပင်တွေအကုန်လုံးကို နောက်ကို လှန်ဖီးထားတာကြောင့် သူ့ပုံစံက ဆွဲဆောင်မှုရှိပြီး လျို့ဝှက်တတ်တဲ့သူလို့ ထင်ရစေတယ်
သူ မုရုံရွှယ်ကို စေ့စေ့စပ်စပ်ကြည့်ရှုနေပုံက သူမကို အရမ်းဂရုစိုက်တဲ့လူလို့ ထင်ရစေတယ်

"ရှင်က ဘယ်သူလဲ"
မုရုံရွှယ် မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် သူ့စကားပြောပုံအရ သူက သူမနဲ့အတော်လေး ရင်းနှီးပုံရတယ် ဒါပေမဲ့ သူမမှတ်ဉာဏ်ထဲမှာတော့ သူဘယ်သူမှန်း ရှာမတွေ့ဘူး

"ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့သွားတယ် ကိုယ်က ချန်းကော်ကုန်းက မင်းသား မုလျိုဖုန်းပါ မင်းကိုယ့်ကို လျိုဖုန်း ဒါမှမဟုတ် ဖုန်း လို့ ခေါ်လို့ရတယ်"
မုလျိုဖုန်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ် သူ့အသံက မရေရာမှုတွေနဲ့ ပြည့်နေတယ်  မုရုံရွှယ် မျက်ခုံးတို့ကို ပွတ်ကာ
"မင်းသားမု ကျွန်မတို့က အဲ့လောက် မရင်းနှီးဘူးထင်တယ်"

မုလျိုဖုန်း သူ့လက်ထဲက ခေါက်ယပ်တောင်ကို ပိတ်ကာ သဘောမတူစွာ ကြည့်တယ်
"ကိုယ်တို့ မိသားစုတွေက ရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေပဲ ထပ်ပြောရရင် မင်းအဖေနဲ့ ကိုယ့်အဖေက သူငယ်ချင်းကောင်းတွေပဲ ကိုယ်တို့နှစ်ယောက်ကလဲ ငယ်ချစ်တွေပဲဟာ ဘာလို့ ကိုယ်တို့က မရင်းနှီးရမှာလဲ"

"ဘန်း!"
အိုးရန်ရှောက်ချန် လက်တွေကို ဝေ့ယမ်းကာ မုလျိုဖုန်းကို နံရံဆီ တွန်းလိုက်တယ် ထို့နောက် မုရုံရွှယ်ရှေ့ ပိတ်ရပ်ကာ သူ့ကို အေးစက်စွာကြည့်ပြီး
"မုလျိုဖုန်း မင်း ဒီနေ့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now