128: လောင်းခြင်း

1.3K 176 14
                                    

ရိရီချန်း ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်က ဝန်ခံနေသလိုပင်။

မုရုံရွှယ် သရော်ပြုံးပြုံးလိုက်သည်။ အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲက သေတော့မဲ့လူအတွက် နောက်ဆုံးအခွင့်အရေးပင်။ အဲ့တာက အလုပ်ဖြစ်ရင် မင်းရဲ့ တာဝန်မို့လို့ လုပ်ရတာပဲ ကျရှုံးခဲ့ရင် ထိုလူသေသွားခဲ့ရင် လူတွေက မင်းကို ကံဆိုးစေတဲ့သူဟု သမုတ်ပြီး မင်းတစ်ဘဝလုံး လူတွေရဲ့ အပြစ်တင်မှုအောက်မှာ နေသွားရလိမ့်မယ်။

ရိရီချန်း သူ့အတွက် ပထမဇနီးရွေးတဲ့အချိန် သူမကို သူ ဘယ်တော့မှ မတွေးမိခဲ့ပေ။ ရတနာတွေ သွားယူတုန်းကလဲ သူမကို ဘယ်တော့မှ မတွေးခဲ့ဘူး။ အခု သူ့အဖေ သေတော့မဲ့အချိန် အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲ လုပ်ဖို့ လိုတဲ့အချိန်ဆိုမှ သူမကို တည့်တည့်လာတွေးသတဲ့။ ရိရီချန်းက သူမကို 'အရမ်းကောင်း' တာပဲ

"ဘာလို့ ချင်းယုယွမ်နဲ့ မလုပ်လဲ"
မုရုံရွှယ် အေးစက်စွာ မေးလိုက်သည်။ ရိရီချန်း သူမကို ကြည့်ကာ တလုံးချင်း ပြောလိုက်သည်။
"ငါ့အဖေက သူမကို ငါ့ပထမဇနီး မဖြစ်စေချင်ဘူး"

"တကယ်လား ရှင်သူ့ကို ကြိုက်တာပဲလို့ ထင်နေတာ ဒါကြောင့် ကျရှုံးသွားခဲ့ရင် သူမကို အပြစ်မတင်ကြစေချင်လို့ ကျွန်မကို ဓားစာခံလုပ်ခိုင်းနေတာပဲ"
မုရုံရွှယ် ဖိအားပေးလိုက်ကာ ပြုံးလိုက်သည်။ သူမရဲ့ အထင်သေးခြင်း လှောင်ပြောင်ခြင်းတွေက ရိရီချန်းရဲ့ မျက်လုံးဆီ စူးရှစွာ ဝင်ရောက်နေသည်။

"ဒါဆို မင်းရဲ့ မျက်လုံးထဲမှာ ငါက အဲ့လိုလူပဲပေါ့"

"မဟုတ်လို့လား"
မုရုံရွှယ် ပြန်ခွန်းတုံ့ပြန်လိုက်သည်။
"ရှင့်နှလုံးသားထဲမှာ ချင်းယုယွမ်က ရတနာလေးဖြစ်ပြီး ကျွန်မက မြက်တစ်ပင်​လေးပဲ ရှင့်နှလုံးသားထဲက ရတနာအတွက် အရေးမပါတဲ့ မြက်ကို ရှင်စွန့်လွှတ်နိုင်တယ်လေ"

ရိရီချန်းက သူမကို ကြိုက်စရာမလိုပါဘူး ဒါပေမဲ့ သူမကို သုံးချင်တဲ့အချိန်သုံး စွန့်ပစ်ချင်တဲ့အချိန် စွန့်ပစ်လို့ရတဲ့ ရုပ်သေးရုပ်လို မလုပ်စေချင်ရုံပဲ

သူမရဲ့ အေးစက်တဲ့မျက်ဝန်းတွေကို ကြည့်ရင်း ရိရီချန်း မျက်မှောင်ကြုတ်ကာ သူ့မြင်းတွေကို ကိုင်ဖို့ ကြိုးစားရင်း
"ငါမင်းနဲ့ စကားများဖို့ လာတာမဟုတ်ဘူး"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now