၅ မြာ​ပွေ​သော သူ​ဌေးသားများအား ​လှောင်​​ပြောင်​ခြင်း

11.2K 1.3K 23
                                    

အပိုင်း ၅

Translated by _ Baby_Mariee

လှောင်​အိမ်​ထဲမှာ​တော့ ​ခွေး​အသေး​လေး တစ်​​ကောင်​ ရှိ​နေပြီး သူ့ရဲ့ အ​မွေး​တွေမှာ အဖြူနှင့်​ အညိုစပ်​ထားသည်​ကို သိရှိနိုင်​ရန်​ပင်​ ခက်​ခဲလှစွာ ဖုန်​​တွေလူးကာ ကြပ်​ခဲ၍ ညစ်​ပတ်​​လို့ ​နေတယ်​။ သူ့ရဲ့ ​ခေါင်း​သေး​သေး​လေးက အ​ရှေ့က ​မြေပြင်​​ပေါ်မှာ ဆန့်​ထုတ်​ချထားပြီး မျက်​လုံး​တွေကို​တော့ မှိတ်​လို့ထားကာ သူ့ရဲ့ ခန္ဓာကိုယ်​ အရွယ်​အစားက သူ့​ဘေးက ​လှောင်​အိမ်​ထဲကမှ အ​ကောင်​၏ တစ်​ဝက်​​လောက်​သာ ရှိတယ်​။ နားရွက်​နှစ်​ဖက်​ကလည်း တွဲ​လောင်းကျ​နေပြီး ဘယ်​လိုပင်​ကြည့်​ကြည့်​ ​ခွေးငပျင်း​လေးဆိုတာ သိသာ​နေ​လေတယ်​။

မုရုံရွှယ်​၏ မျက်​ဝန်း​တွေ လက်​ခနဲဖြစ်​သွားပြီး သူမရဲ့ အ​ရှေ့က ​အဲဒီခွေး​သေး​သေး​လေးကိုပဲ ညွှန်​ပြလိုက်​တယ်​။ " အဲဒီအ​ကောင်​ပဲ! "

မုရုံရယ့်​၏ အ​စောပိုင်းက အ​​ကောင်းဘက်​လိုက်​​ ​တွေးကြည့်​​နေမှု​လေးမှာ ချက်​ချင်း ​ပျောက်​ကွယ်​သွားပြီး သူ့နှလုံးသားတစ်​ခုလုံး ​အောက်​သို့ ဘုတ်ခနဲ ​ပြုတ်​ကျသွားခဲ့သလို ခံစားလိုက်​ရတယ်​။သူ့ ညီမ​လေးက ကြင်​နာတတ်​တဲ့ နှလုံးသားရှိပြီး စာနာသနားတတ်​​သော မိန်းမ​ကောင်း​လေး တစ်​ဦးဖြစ်​သည်​ ဆို​ပေမယ့်​လည်း သူ သိ​နေခဲ့တယ်​။ ........ 

" တကယ်​လို့ မင်း ဒီ​ခွေးကို ​ရွေးမယ်​ဆိုရင်​ သူက ​နေမ​ကောင်းဖြစ်​ပြီး အားနည်း​နေလို့ တိုက်​ခိုက်​မယ်​ဆိုရင်​ ​သေဖို့များတယ်​ .. မင်း ကျိန်း​သေရှုံး​တော့မှာပဲ .. တခြား​တစ်​​ကောင်​​ထပ်​​ရွေးလိုက်​ပါလား! "

" ထပ်​​ရွေးစရာမလိုပါဘူး .. ဒီ​ခွေး​လောက်​ဆို အဆင်​​ပြေတယ်​ " မုရုံရွှယ်​ နူးညံ့စွာ ​ပြောလိုက်​ပြီး ​လှောင်​အိမ်​ကို ဖွင့်​လိုက်​တယ်​။

ခွေး​သေး​သေး​လေးမှာ ဆူညံသံများ​ကြောင့်​ ​မျက်​လုံးတို့ ဖွင့်​လာပြီး မုရုံရွှယ်​၏ ​နွေး​ထွေး​သော အပြုံးတို့ကို လှမ်းကြည့်​လာတယ်​။ အနက်​​ရောင်​မျက်​ဝန်း​တွေက တလက်​လက်​​တောက်​ပ​လာပြီး ​ခြေ​ထောက်​​တွေကို အားယူ၍ ​ဖြေး​ဖြေး​လေး ရပ်​လိုက်ကာ  သာယာညင်း​ပျောင်းစွာပဲ ​လှောင်​အိမ်​ထဲက​နေ သတ်​ကွင်းရှိရာကို ​လျှောက်​လို့သွားလေတယ်​။ ​ခွေး​လေးရဲ့ ​သေးငယ်​တဲ့ ခန္ဓာကိုယ်​​လေးက ​လေတစ်​ချက်​အ​ဝေ့မှာ လွင့်​ပါသွား​တော့ မ​ယောင်​ အားနည်း​ဖျော့​တော့လို့​နေတယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now