122: ဖျားယောင်းသွေးဆောင်ခြင်း

1.3K 169 12
                                    

Zawgyi

*ဗုဒ္ဓဟူးနေ့အတွက်*

အရင်မင်းသားကျင်းရဲ့ အမူအရာတိုင်းကို အကဲခတ်ရင်း မုရုံကျန်း ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။

အရင်မင်းသားကျင်းက တည်ငြိမ်နေပြီး မျက်ခုံးအစုံသာ ညင်သာစွာ မြင့်တက်သွားကာ သာမန်ပင် ပြောလိုက်သည်။
"ချင်းယန်က လှပတဲ့ မိန်းကလေးအဖြစ် ကြီးပြင်းလာပြီပဲ"

အရင်မင်းသားကျင်းရဲ့ မထူးခြားတဲ့အသံအနေအထားကြောင့် မုရုံကျန်း မကျေမနပ်ဖြစ်သွားသည်။ သို့ပေမဲ့ အတင်းပြုံးကာ ပြောလိုက်သည်။
" ကျွန်တော် သူမကို လမ်းမှာ တွေ့လာတာ သူတစ်ယောက်တည်း အိမ်ပြန်ရမှာ စိတ်မချလို့ ကျွန်တော်နဲ့အတူ ခေါ်လာတာ အနှောင့်အယှက်ဖြစ်သွားစေမိရင် တောင်းပန်ပါတယ် အရှင်"

"မင်းက အရမ်းအလေးအနက်ထားနေတာပဲ ငါတို့က မိသားစုချင်း ရင်းနှီးတဲ့ သူငယ်ချင်းဟောင်းတွေပဲ ငါတို့နဲ့ ငါတို့ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မကြာခဏ လာလည်သင့်တယ်လေ"
အရင်မင်းသားကျင်း အနည်းငယ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ ပြုံးကာ ပြောလိုက်သည်။

မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး မုရုံကျန်း ချောင်းခြောက်ဆိုးလိုက်ကာ
"အရှင်မှန်ပါတယ် ကျွန်တော်တို့ မကြာခဏ လာလည်သင့်တယ်"

အဲ့ဒီနောက် သူ အေးစက်တဲ့ပုံရိပ်ရှိပြီး ဝတ်ရုံရှည်ဝတ်ဆင်ထားတဲ့ ရင်းနှီးတဲ့ ပုံရိပ်က သူတို့ဆီ ​လျှောက်လာတာကို တွေ့လိုက်ရသည်။ ဒါကြောင့် အသံကို မြှင့်ကာ
"ချင်းယန် ဦးတို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြော​နေဦးမှာ ဥယျာဉ်ထဲ လျှောက်ပတ်ကြည့်ချင်ကြည့်နေလေ"

"ဟုတ်ကဲ့"
ချင်းယန် ပြောလိုက်ကာ သိမ်မွေ့စွာ ထသွားပြီး အနက်ရောင်ကျောက်တုံးလမ်းလေး အတိုင်း အပြင်ထွက်သွားတဲ့ ပုံရိပ်နောက် လိုက်သွားလေသည်။

နေရောင်ခြည်က အတော်နွေးထွေးလေသည်။ ရိရီချန်း ကျောက်ခတ်ပင်တွေရှေ့ မတ်တပ်ရပ်ရင်း နေရောင်နဲ့ တောက်ပနေတဲ့ ရေကန်ကို စိုက်ကြည့်နေလေသည်။

လော့ရွှယ်ပွဲကြည့်စင်ဆီ စေ့စပ်လက်ဆောင်တွေကို သူ့လူတွေကို သွားပြန်ပို့ခိုင်းခဲ့ပေမဲ့ မုရုံရွှယ်က လက်ခံထားခဲ့ကာ သူ့ဆီလာပြီး ဘာမှမလုပ်ပေ။ ကြည့်ရတာ မကောင်းဆိုးဝါးအစီအစဉ်တွေ စီစဉ်နေပုံပင်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now