150: ပြစ်ဒဏ်နဲ့ ဆုလာဘ်

1K 156 5
                                    

ရွှပ်!...နန်းတွင်းအစောင့်တွေအကုန် ဓားတွေကို ထုတ်လိုက်ကာ အထက်စင်္ကြံက မြွေတွေကို ခုတ်ဖြတ်လိုက်ကြသည်။ မြွေတွေအကုန် နှစ်ပိုင်းပြတ်ပြီး မီးထဲ ကျသွားကာ သွေးစီးကြောင်းတွေ မြေပြင်မှာ ရှုပ်ယှက်ခတ်ကုန်ပြီး ကြည့်မိတဲ့သူကို ခြောက်ခြားစေသည်။

မုရုံရွှယ် ထိုအခါမှ ကြိတ်ကာ သက်ပြင်းချလိုက်သည်။ ရေမြွေပြဿနာကို ဖြေရှင်းပြီးလေပြီ

'ဘုန်း'ဆိုတဲ့ အသံကျယ်နဲ့အတူ မီးတောက်တွေက လှိုင်းတွေလို ပျံ့နှံ့လာကာ မုရုံရွှယ်ကို ခြေလှမ်းအများကြီး ဆုတ်သွား​စေသည်။ တည်ငြိမ်စွာ ရပ်လိုက်ပြီးနောက် မုရုံရွှယ် ကြည့်လိုက်တော့ မီးတွေက ရေကန်ထဲက မြွေသေတွေနဲ့အတူ သူမရှိနေရာ ဇိမ်ခံလှေပေါ် ပျံ့နှံ့လာတာကို တွေ့လိုက်ရသည်။ စားပွဲပေါ်က စားဆီတွေနဲ့ ထိသွားတော့ မီးပွားလေးတွေက မီးတောက်ကြီးအဖြစ် ပြောင်းသွားကာ သူမကို လေးကြိုးက လွှတ်လိုက်တဲ့ မြှားလို လွင့်ထွက်သွားစေသည်။

မုရုံရွှယ် အလျင်အမြန် ဘေးလှည့်လိုက်ကာ နီးစပ်ရာ စားပွဲဆီ ပြေးသွားလိုက်သည်။ လှေက မီးထဲ မကြာခင် မြုပ်ပေတော့မည်။ သူမ အရှေ့က စင်္ကြံဆီ အမြန်ခုန်မှ လုံခြုံလိမ့်မည်။

မီးက တောက်လောင်နေရင်းက မုရုံရွှယ်ကို လောင်ကျွမ်းလုနီးနီး ဖြစ်လာသည်။ ရုတ်တရက်ပင် အဖြူရောင်အရိပ်တစ်ခုက ကောင်းကင်ပေါ်က ကျလာကာ သူမခါးကို ဆွဲယူလျက် လေထဲ ခေါ်ဆောင်သွားသည်။ မီးက လှေတစ်ခုလုံးကို ဝါးမြိုသွားကာ ရေထဲ ချက်ချင်း မြုပ်သွားသည်။

လေက သူမနားထဲ ဖြတ်တိုက်နေကာ မင်နဲ့ ဝါးနံ့က သူမနှာခေါင်းဝကို လာရောက် ကျီစယ်နေသည်။ မုရုံရွှယ် ကြည့်လိုက်တော့ ပန်းချီကားတစ်ချပ်နီးနီး လှပနေတဲ့ မျက်နှာကို တွေ့လိုက်ရသည်။ သူမ ထိုလူကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"ရှင် ဘယ်ရောက်နေတာလဲ''

သူမ လှေပေါ်မှာ အကြိမ်များစွာ အန္တရာယ်နဲ့ ကြုံတွေ့နေရသည်။ အိုးရန်သာ အနားမှာ ရှိရင် သူမကို ချက်ချင်း ကယ်ထုတ်သွားပြီး အခုချိန်ထိ စောင့်နေမှာ မဟုတ်ပေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now