123: ကျင်းကြင်ယာတော်ဟောင်း ပြန်လာခြင်း

1.3K 180 12
                                    

Zawgyi

"မုရုံကျန်း ခင်ဗျား စုန့်ချင်းယန်ကို ခေါ်လာပြီး အမြဲစိမ်းခြုံပင်အရည်နဲ့ ကျွန်တော့်ကို ဖျားယောင်းခိုင်းတဲ့ ရည်ရွယ်ချက်က ဘာလဲ"

သူပြောတာကို ကြားတဲ့အခါ ဘေးက လူတိုင်း အလွန်အံ့အားသင့်သွားသည်။ ဝူအန်းMarquisအိမ်​တော်က သမီးပျိုက မင်းသားကျင်းကို အရှက်မရှိ လာဖျားယောင်းရဲတယ်!

သူတို့ မုရုံကျန်းနဲ့ စုန့်ချင်းယန် ကို အထင်သေးစွာ ကြည့်လိုက်ကြသည်။

မုရုံကျန်း မျက်နှာ ရှုံ့မဲ့သွားကာ စုန့်ချင်းယန်ကို စူးရဲစွာ ကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။
'ဒီလိုကိစ္စသေးသေးလေးကိုတောင် မလုပ်နိုင်ဘူးလား ငတုံးမပဲ'

မုရုံကျန်း စုန့်ချင်းယန်ကို ဘယ်လောက် အတွေးထဲမှာ အပြစ်တင်ပါစေ အပြင်မှာတော့ သူများနည်းတူ အံ့သြဟန်ဆောင်လိုက်ကာ
"အာ....ကျွန်တော်ဘာမှမသိပါဘူး အရှင်"

အမြဲစိမ်းခြုံပင်အရည်ရဲ့ အနံ့က လေထုထဲ ရှိနေသေးသည့်အပြင် ဇီးရောင်ဝတ်ရုံရှည်က မင်းသားကျင်းရှေ့မှာ ရှိနေသည်။ လိမ်ညာခြင်းနဲ့ ဖျားယောင်းခြင်းက ပြစ်မှုတွေ ဆိုပေမဲ့ သူငြင်းလို့ရသေးသည်။ သူဝန်မခံနိုင်ပေ။ မဟုတ်ရင် ရိရီချန်းကို ထောင်ချောက်ဆင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ အဓိပ္ပါယ်ထွက်သွားမှာပေါ့

"ခင်ဗျားတကယ်မသိဘူးလား"
ရိရီချန်း အေးစက်စက်မျက်ဝန်းတွေနဲ့ မုရုံကျန်းကို စိုက်ကြည့်နေပုံက မုရုံကျန်းကို တုန်လှုပ်စေသည်။ သူက စုန့်ချင်းယန်ကို အတူခေါ်လာတာကြောင့် ရိရီချန်း သူ့စကားတစ်ခွန်းတောင် ယုံမှာမဟုတ်ပေ။

တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် သူ့ညာလက်ကို မြှောက်ကာ စကားတလုံးချင်းစီကို ဖိပြော၍ ကတိပြုသည်။
"နတ်ဘုရားအားလုံးနဲ့ အရှင့်ရှေ့မှောက်မှာ ကျွန်တော် မုရုံကျန်း ပြောသမျှက အမှန်တွေ ဖြစ်ပါသည်။ လိမ်ခဲ့ပါက မိုးကြိုးပစ်ပြီး သေပါစေ"

ရိရီချန်းက အရူးလုပ်ဖို့ မလွယ်ပေ။ သူသာ ဆက်ငြင်းနေရင် ရိရီချန်း သူပြောသမျှ ယုံမှာမဟုတ်တဲ့အပြင် အထင်အမြင်သေးစွာ အပြစ်ပုံချနေဦးမှာပင်။ ဒါကြောင့် ရိရီချန်းရှေ့မှာ သူ့ဖြူစင်မှုကို သက်သေပြဖို့ ကတိပြုရမည်။ ရိရီချန်း သူ့ကို သံသယဝင်ရင်တောင် ခက်ခဲအောင် လုပ်မှာမဟုတ်ပေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Hikayelerin yaşadığı yer. Şimdi keşfedin