59

7.3K 871 27
                                    

၅၉။ ထွက်​​ပေါက်

သူရဲ့ လက်​​တွေကို ရိရီချန်းဆီကိုလွှဲလိုက်​တယ်​။ တစ်​ချိန်​တည်းမှာပဲ အားပြင်းတဲ့စွမ်းအင်​တစ်​ခုထွက်​​​ပေါ်လာပြီး ရိရီချန်းရဲ့အတားအဆီးကိုဖြတ်​​ကျော်​သွားတယ်​။ ရလဒ်​အ​နေနဲ့သူ့လက်​ပြင်​နားက​နေပြီး တံ​တောင်​ဆစ်​နားထိကို ​သေးသွယ်​တဲ့ ပြတ်​ရှရာကြီးဖြစ်​သွားတယ်​။ အဲ့ပြတ်​ရှ​နေတဲ့ဒဏ်​ရာက​နေ ​သွေး​တွေထွက်​လာပြီး သူ့အင်္ကျီလက်​တစ်​ခုလုံးကို​သွေးစွန်းကုန်​တယ်​......

"ရိရီချန်း........မင်းက ရွှယ်​နဲ့မလိုက်​ဘက်​ဘူး။" အိုးရန်​​ရှောင်​ချန်​ရဲ့ ပြတ်​သားတဲ့စကားက ရိရီချန်း​ဒေါသကို ဆွ​ပေးသလိုဖြစ်​သွားတယ်​။
(W...O...W...😱😱😱ပွဲ​တွေကြမ်းကုန်​ပြီ)

ရိရီချန်းရဲ့အမူအရာက လုံးဝ​အေးဆက်​သွားပြီး "ငါမဟုတ်​ရင်​ ဘယ်​သူရှိ​သေးလို့လဲ။ ငါကသူမရဲ့ တရားဝန်​​ခင်​ပွန်း​လောင်းဆိုတာကို ကျင်းမြို့ကသူ​တွေအကုန်​သိတယ်​။"

"မင်းကသူမကို ကိုယ်​လုပ်​​တော် အဖြစ်​ပဲ​နေခိုင်းပြီး လူကြားထဲအရှက်​ခွဲခဲ့တယ်​။ အဲ့တာ​ကြောင့်​ သူမကို အားလုံးက ​လှောင်​​ပြောင်​ခဲ့ကြတယ်​။ မင်းသူမရှာလို့ရထားတဲ့ မီးပုဒုမ္မာကြာ​တွေကိုဖျက်​ဆီးပစ်​ပြီး​တော့ သူမကိုကိုယ်​လုပ်​​တော်​အ​နေနဲ့ လက်​ထပ်​ယူ​အောင်​အတင်းအကြပ်​ချုပ်​ကိုင်​ခဲ့တယ်​။ သူမရဲ့အဆိပ်​​တွေ​တိုက်​ခိုက်​တဲ့အချိန်​ အဲ့တာ​တွေမရှိရင် ​သူမ​သေသွားနိုင်​တယ်​။ အသားစားအပင်​​တွေ သူမကိုဝိုင်း​လိုက်​​နေကြတုန်းကလည်း မင်းသူမကို 'အဆင်​​ပြေရဲ့လား' တစ်​ခွန်း​တောင်​မ​မေးပဲ တခြားမိန်းက​လေားတစ်​​ယောက်​ကို တင်းကြပ်​စွာဖက်​​ပေးထားတယ်​။ မင်းက သူမရဲ့ ခင်​ပွန်း​လောင်းဖြစ်​ဖို့ လုံးဝမကိုက်​ညီဘူး။" အိုးရန်​​ရှောင်​ချန်​က ရိရီချန်း ကိုအထင်​​သေးစွာကြည့်​ပြီ​ပြောတယ်​။

"အဲ့တာ ငါ့ကိစ္စ။ မင်းဝင်​စွတ်​ဖက်​​မေးမြန်းခွင့်​မရှိဘူး။" ရိရီချန်းရဲ့ မျက်​လုံး​တွေက ​ရေခဲလို​အေးဆက်​​နေပြီး သူ့ရဲ့မျက်​လုံး​တွေကလည်း အန္တရာယ်​အ​ငွေ့အသက်​​တွေနဲ့ လွှမ်းခြုံထား​တယ်​။ မုရုံရွှယ်​ သူမရဲ့လက်​ကိုအသားစားအပင်​​တွေဆီကို ဆန့်​ထုတ်​လိုက်​တဲ့အခါ သူတားဖို့လုပ်​​ပေမဲ့ အဲ့အချိန်​မှာပဲ ချင်​ယုယွမ်​သူရဲ့လက်​ကို အတင်းဖက်​ထားတဲ့အတွက်​ သူသူမကို အချိန်​မှီမတားလိုက်​နိုင်​ဘူး..........

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now