124: စကားများခြင်း

1.3K 169 12
                                    

Zawgyi

သူမ မထူးခြားစွာ ပြောလိုက်သည်။
"ဒါဆိုလဲ ဖျက်လေ ဘာကိစ္စကြီးမို့လို့လဲ ကျွန်မသားရွေးဖို့ မိန်းမလှတွေ မြို့တော်မှာ အများကြီးရှိတယ် ဘာလို့ အထင်သေးစရာကောင်းပြီး အရှက်မရှိတဲ့ မုရုံရွှယ်ကို လက်ထပ်မှဖြစ်မှာလဲ"

"ဘာတွေ ပြောနေတာလဲ ဘယ်လိုလုပ် သူမကို ဒီလိုအပြစ်တင်နိုင်ရတာလဲ"
အရင်မင်းသားကျင်း မျက်နှာရှုံ့မဲ့သွားကာ မေးလိုက်သည်။

"အခုထွက်သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က မုရုံရွှယ်ရဲ့ ဒုတိယဦးလေး နောက်တစ်ယောက်က မုရုံရွှယ်ရဲ့ ဝမ်းကွဲညီမ ဟုတ်တယ်မလား ရီချန်းက သဘောမတူတာတောင် အတင်း ဖျားယောင်းမြှူစွယ်နေတာလေ အဲ့တာ အထင်သေးစရာကောင်းပြီး အရှက်မရှိတာ မဟုတ်ဘူးလား ကျွန်မ သူမကို အမှားပြောမိလို့လား"
အေးစက်စက်မျက်ဝန်းနဲ့ သူမပြောလိုက်သည်။

ညီအမနှစ်ယောက်က ယောက်ျားတစ်ယောက်ထဲ ပေါင်းလို့မရပေ။ စုန့်ချင်းယန်က ရီချန်းနဲ့ လူသိရှင်ကြားဆက်ဆံရေး ရှိနေရင် သူမက သူ့ကိုယ်လုပ်တော် ဖြစ်လာနိုင်သည်။ အဲ့ဒီအချိန်မှာ သူမ ရီချန်းကို နာမည်ဂုဏ်ပုဒ် ဖယ်ရှားဖို့ လုပ်ရင် သူ ရွေးစရာမရှိဘဲ မုရုံရွှယ်ကို စေ့စပ်ပွဲဖျက်ပေးရလိမ့်မည်။

ပြီးတော့ မုရုံရွှယ်ကလဲ သူမလိုချင်သလို ရီချန်းနဲ့ စည်းခြားထားလိုက်နိုင်ကာ လူတွေရဲ့ သနားကြင်နာမှုကို ရသွားပေလိမ့်မည်။ သူမက တွက်ချက်တဲ့နေရာမှာ အရမ်းတော်တာပဲ

"ရွှယ်အာနဲ့ စုန့်ချင်းယန်နဲ့ မုရုံကျန်းတို့နဲ့ ဆက်ဆံရေးက ရေနဲ့မီးလိုပဲ သူမ ဒီကိစ္စမှာ မပါဝင်လောက်ဘူး မုရုံကျန်းနဲ့ စုန့်ချင်းယန်တို့ အကြံပဲ ဖြစ်လိမ့်မယ် သူတို့ ရီချန်းကို ရွှယ်ဆီက လုယူဖို့ ကြိုးစားနေကြတာ"
အရင်မင်းသားကျင်း အသံနိမ့်သွားကာ အေးစက်မှုက မျက်လုံးထဲ ဖြတ်ပြေးသွားသည်။

ပထမ မုရုံရယ်နေရာ၊ ပြီးတော့ မုရုံရယ်နဲ့ မုရုံရွှယ် ရဲ့ မိသားစုပစ္စည်းတွေ၊ အခု မုရုံရွှယ်ရဲ့ လက်ထပ်ပွဲအထိ။
သခင်မတုနဲ့ သူမကလေးတွေက ပိုပြီး ပိုပြီး လွန်လွန်ကျူးကျူး ပြုမူနေကြတာပဲ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now