36

9.7K 973 35
                                    

၃၆။ သ၀န်တိုခြင်း
ရှိဇိ : အမွေဆက်ခံသူ၊ ချင်းဝမ်ရဲ့ အမွေ
ဆက်ဆံသူ မင်သား အခြေခံအား
ဧကရာဇ်အစ်ကိုရဲ့သား

ချင်းဝမ် : မင်းသားရဲ့ပထမကြင်ယာတော်ဲ့ ကမွေးတဲ့ တော်ဝင်သွေးပါသူ
မင်းသား

"သေချာပေါက်မဟုတ်ဘူး ငါက ငါ့ကတိကို အမြဲထိန်းသိမ်းတယ် နင်နိုင်ပြီဆိုမှတော့ ဒီကျောက်ဝေ့ရန်ချင်က နင့်ဟာပဲ"
ချင်းယွီယွမ်တည်ငြိမ်စွာ ပြောနေပေမဲ့ သူမမျက်လုံးထဲမှာတော့ မောက်မာခြင်းတို့ ပြည့်နှက်နေသည်။ ကျောက်ဝေ့ရန်ချင်လေးပဲမလား ငါ အရှုံးပေးနိုင်တယ်

"ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီးချင်း"
မုရုံရွှယ် ပြောလိုက်သည်။
သူမလက်သေးသေးလေးက ပျက်နေတဲ့ ကြိုးတွေကို ထိလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ကြိုးတွေအကုန် ပျက်စီးသွားပြီဆိုတော့ အိမ်သယ်သွားရင်တောင် ထပ်မတီးနိုင်တော့ဘူး"

"မင်း အချိန်မရွေး ကြိုးအသစ်ဝယ်လဲပြီး ထပ်တီးနိုင်ပါတယ်"
အိုးရန် ငြင်သာစွာ ပြောလိုက်သည်။

မုရုံရွှယ် မျက်မှောင်ကြုတ်ကာ
"ကျောက်ဝေ့ရန်ချင်က နာမည်ကြီးအထက်တန်းကျတဲ့ ရန်ချင်ပဲ သာမန်ကြိုးတွေလောက်နဲ့ မရဘူး သာမန်ကြိုးတပ်ပြီး တီးခတ်ရင်တောင် အသံက စိတ်ပျက်စရာဖြစ်နေမှာပဲ"

သူမရဲ့ မဲမှောင်နေတဲ့ မျက်နှာကို ကြည့်ပြီး အိုးရန်ရဲ့ မျက်လုံးတို့ ရွှင်မြူးလာကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကိုယ် ရန်ချင်လုပ်တာ ကျွမ်းကျင်တဲ့သူကို သိတယ် သူ့မှာ ကျောက်ဝေ့ရန်ချင်အတွက် ကြိုးတချို့ရှိမလား ကိုယ်မေးပေးမယ်"

"ကျေးဇူးတင်ပါတယ် အိုးရန်ရှီဇီ"
သူမမျက်နှာ တောက်ပသွားကာ ကျေးဇူးတင်လိုက်သည်။
ကျောက်ဝေ့ရန်ချင်က ရှားပါးတဲ့အမျိုးအစားဖြစ်ကာ သူမ ဒါကို နိုင်အောင် အများကြီး အားထုတ်ခဲ့ရသည်။ သင့်တော်တဲ့ ကြိုးကိုသာ ရှာမတွေ့ရင် အရှက်ရစရာပင်။ ရခဲ့ရင်တော့ သူမ ပြန်တပ်ဆင်ကာ ချင်းယွီယွမ်ဒေါသကို ဆွပေးဖို့ အပြင်ကို မကြာခဏ ထုတ်ယူရမည်။

သူမရဲ့ တောက်ပတဲ့အပြုံးကို ကြည့်ရင်း အိုးရန်ရဲ့ နှုတ်ခမ်းစွန်းတစ်ဖက် ကော့တက်သွားကာ သူ့မျက်လုံးကလဲ တောက်ပပြီး နူးညံ့နေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now