38

7.7K 858 8
                                    

Translated by BabyMariee

အဲဒါ သူပဲ.. အိုးရန်​​ရှောက်​ချန်​!

သူမ တစ်​ခါတုန်းက နန်း​တော်​ထဲမှာ မင်းသားကို ခပ်​လှမ်းလှမ်း​နေ မြင်​ဖူးတယ်​.. ဒါ​ကြောင့်​ သူက မင်းသားဆိုတာ ယုံမှားသံသယဖြစ်​စရာ မရှိ​!

"စိုးရွံ့မိပါတယ်​ အရှင့်​သား!" စုန့်​ချင်းယန်​ မင်းသားကို အလျင်​အမြန်​ အရိုအ​သေ​ပေးလိုက်တယ်​။ သူမ၏ နှလုံးက အခုန်​မြန်​လို့ သူမ မျက်​နှာက နီလာတယ်​။ ငါ ဒီ​နေရာမှာ မင်းသားအိုးရန်​နဲ့ ​တွေ့ရလိမ့်​မယ်​လို့ မ​မျှော်​လင့်​ထားဘူး.. ဒါက ဘယ်​လို​ရေစက်​မျိုးလဲ?

အိုးရန်​က သူမကို အကြည့်​တစ်​ချက်​​တောင်​ မ​ပေးလာဘဲ မုရုံရွှယ်​ကို စိုက်​ကြည့်​ကာ ​မေးလိုက်​တယ်​။ "အဲဒါ ဘယ်​သူလဲ?"

မုရံရွှယ်​ ​အေးစက်​စွာ ပြန်​​ဖြေလိုက်​တယ်​။ "ကျွန်​မ သူ့ကို မသိဘူး!"

"အဓိပ္ပါယ်​ မရှိတာ!" စုန့်​ချင်းယန်​ ချက်ချင်း မတ်​မတ်​ရပ်​လိုက်​ပြီး မုရုံရွှယ်​ကို စူးစူးဝါးဝါး ကြည့်​လိုက်​တယ်​။ "ငါက ဝူအန်းအမတ်​အိမ်​​တော်ရဲ့ သမီးပဲ... ငါတို့​တွေ ငယ်​ငယ်​​လေးကတည်းက အတူတူ ကြီးလာကြတာ... အဲဒါ​တောင်​မှ နင်​က ငါ့ကို မသိဘူးလို့ ​ပြောတယ်​?!"

"ဝူအန်းအမတ်​အိမ်​​တော်​ရဲ့ သမီးက ဥာဏ်​ပညာနဲ့ ပြည့်​စုံ ကျက်​သ​ရေရှိပြီး နူးညံ့လှပသူ ဖြစ်​သင့်​တယ်​​လေ.. နင့်​လိုမျိုး အ​ပြောင်းအလဲ မြန်​ပြီး ရိုင်းစိုင်းတဲ့ သူက ဘယ်​လိုဖြစ်​နိုင်​မှာလဲ?" မုရုံရွှယ်​က သ​ရော်​ဟန်​ဖြင့်​ ပြန်​​ဖြေလိုက်​တယ်​။

"နင်​!"  စုန့်ချင်းယန်က မုရုံရွယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမ ဘာပြန်ပြောရမှန်းမသိ​ချေ။

ရွှမ်​ဖုန်း ရုတ်​တရက်​ ထွက်​​ပေါ်လာပြီး အိုးရန်​​ရှောက်​ချန်​ကို သတိ​ပေးလိုက်​တယ်​။ "အရှင့်​သား .. အချိန်​အ​တော်​လင့်​​နေပါပြီ!"

"ရွှယ်​အာ... ကိုယ်​အရင်​ သွားနှင့်​မယ်​... လုပ်​စရာရှိ​သေးလို့"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now