33

8.5K 1K 16
                                    

၃၃။စား​သောက်​ဆိုင်​မှာ ထိပ်​တိုက်​​တွေ့ကြ

"ရတယ်​.." အိုးရန်​​ရှောင်​ချန်​ ပြန်​​ပြောလိုက်​တယ်​။ သူ့မျက်​လုံးထဲက အပြုံးရိပ်​​ယောင်​​တွေကလည်း ချက်​ချင်း​ကွယ်​​ပျောက်​သွားတယ်​။

"​ကျေးဇူးပြုပြီး ကျွန်​​တော့်​​နောက်​ကလိုက်​ခဲ့​ပေးပါ... ဒီဘက်​ပါ..." စားပွဲထိုး​လေးက မုရုံရွှယ်​နဲ့အိုး​ရန်​​ရှောင်​ချန်​ကို ဒုတိယထပ်​မှာ ​နေရာချ​ပေးခဲ့လိုက်​တယ်​။

ဒုတိယထပ်​ လန်​အခန်းမှာ အမျိုးသမီးငယ်​​တစ်​​ယောက်​ထိုင်​​နေပြီး သူမက ပြီးပြည့်​စုံတဲ့ခန္ဓာကိုယ်​​ကောက်​​ကြောင်းနဲ့ သိသာထင်​ရှားစွာလှပတဲ့မျက်​နှာ​နဲ့အညီ ခရမ်း​ရောင်​ဝတ်​စုံကို ဝတ်​ဆင်​ထားတယ်​။ သူမက မိုပိုင်းမင်းသမီး ချင်​ယွီယွမ်​သာဖြစ်​တယ်​။ လူ​တွေကသူမကို ​ခပ်​တိုးတိုး ​မြှောက်​ပင့်​​နေတယ်​။ အိုးရန်​​ရှောင်​ချန်​ ​လှေကား​ဘက်​က​လျှောက်​တာကိုမြင်​​တော့ သူမတူကိုချပြီး ကြည့်​​နေလိုက်​တယ်​။

ပြီးပြည့်​စုံလွမ်းတဲ့​မေးရိုးနဲ့ သူ့ရဲ့စွဲ​ဆောင်​မှုရှိတဲ့မျက်​နှာက လူ​တွေကိုသူ့ဆီက​နေ အကြည့်​မလွှဲနိုင်​​အောင်​ဖြစ်​​စေတယ်​။ သူ့ရဲ့ငြို့ငင်​နိုင်​စွမ်းရှိတဲ့မျက်​ဝန်း​တွေနဲ့ မျက်​စံနက်​နက်​... သူ့မှာရှိတဲ့ဘယ်​အရာမဆိုကို ပြီးပြည့်​စုံ​နေတာ။

သူကတကယ်​ကို ပူပင်​​ကြောင့်​ကြမဲ့တဲ့ဘုရင်​ရဲ့ ဆက်​ခံသူပဲ!

မြောက်​ပိုင်းမွန်​ဂိုလီးယားသဲကန္တာရမှာတုန်းက သူမ အိုးရန်​​ရှောင်​ချန်​နဲ့ အကြိမ်​​ပေါင်းများစွာ ​တွေ့ခဲ့ဖူးတယ်​။ သူမအဲ့ဒီ့က​နေ သူ့မှာ​များစွာ​သောပါရမီ​တွေရှိ​နေတာကို သိခဲ့ရတယ်​__ စာ​ပေပညာ၊ ကိုယ်​ခံပညာရပ်​၊ ပန်းချီပညာ၊ စစ်​တုရင်​ပညာ။ သူပိုင်​ဆိုင်​ထားတဲ့ ပါရမီ​တွေက သူ့ကိုယှဉ်​ပြိုင်ဖို့ကြိုးစားကြတဲ့သူ​တွေထက်​ အများကြီးပိုပြီး​ကျော်​လွန်​ သာလွန်​လှတယ်​။

တစ်​ခု​တော့ရှိတယ်​.. ဘယ်​လိုပင်​ဖြစ်​​စေ_ သူဘယ်​​တော့မှ အမျိုးသမီး​တွေကို မချဉ်းကပ်​​လေဘူး...

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now