159

912 102 7
                                    

#chapter159
မီးနဲ့ကစားတဲ့ဘယ်သူမဆို လောင်ကျွမ်းလိမ့်မယ် ၁

"ဒီနေရာမှာ ဘာလို့ မီးခိုးဒီလောက်များနေရတာလဲ ဘာတွေဖြစ်နေတာလဲ"
မုရုံရော့ အရမ်းရင်းနှီးလွန်းတဲ့ ရှုပ်ထွေးနေတဲ့ အသံတစ်ခုကို အနောက်ကနေ ကြားလိုက်ရသည်။

မုရုံရော့ အေးခဲသွားကာ အသံပိုင်ရှင်ကို ရှာလိုက်တော့  နီလာငါးခုကို ပုံဖော်ထားတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး အပြာရင့်ရောင်ကျောက်စိမ်း ခေါင်းပေါင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက ဝူအန်းမှုးမတ်အိမ်တော်ရဲ့ သခင်မကြီးစုန့်ဖြစ်၏။ သူမက အစေခံတွေ အိမ်တော်ထိန်းတွေ ဝန်းရံကာ အမြန်လျှောက်လာသည်။

လောင်ကျွမ်းနေတဲ့ မီးတောက်၊ မီးခိုးမှိုင်းစွဲနေတဲ့ ပွဲကြည့်စင်၊ မီးတောက်ထဲ လူးလိမ့်နေတဲ့ သုံးယောက်သားကို ကြည့်ရင်း သခင်မကြီးစုန့် မျက်လုံးပြူးသွားကာ အထိတ်တလန့် အော်လိုက်သည်။
"ထျန်းဝမ်!!!....ပိုင်..!!!!"

မုရုံရော့ ခါးသက်စွာ ရယ်လိုက်သည်။ ပိုင် တဲ့လား ကြည့်ရတာ သူတို့အရမ်းရင်းနှီးနေပုံပင်။ သဘောက ထျန်းဝမ်က အပြင်မှာ အပျော်မယားရှိနေတဲ့အပြင် အမွေခံသားကိုပါ လျို့ဝှက်စွာ မွေးထားတာကို သူမသိနေတာ ကြာသည့်ပုံ။ ဒါပေမဲ့ သူမက မုရုံရော့ကို လုံးဝမပြောတဲ့အပြင် နောက်ကွယ်မှာတောင် အဲ့ခွေးကောင်နဲ့ ရင်းနှီးနေသေးသည်။

သူမနဲ့ စုန့်ထျန်းဝမ်က တကယ့်ကို တစ်မိသား​ပေါက်တွေပင်။ သူတို့က ပူးပေါင်းလိမ်လည်ထားကြကာ မုရုံရော့ကို ကိုးနှစ်လုံးလုံး အမှောင်ထဲ နေစေခဲ့သည်။

"ဘာလို့ ငေးပြီးရပ်နေကြတာလဲ သူတို့ကို သွားကယ်လေ"
သခင်မကြီးစုန့်က အမိန့်ပေးလိုက်ကာ သူမမျက်လုံးတို့မှာလဲ စိုးရိမ်မှုတို့ ရောပြွန်းနေလေသည်။

"ဟုတ်ကဲ့....ဟုတ်ကဲ့...ဟုတ်ကဲ့"
အိမ်မက်ကနေ နိုးလာတဲ့သူလို အစေခံတွေနဲ့ အထိန်းတော်တွေလဲ ပျာယီးပျာယာဖြင့် ပွဲကြည့်စင်ဆီ အပြေးသွားကြသည်။

စုန့်ထျန်းဝမ်က သူမလုပ်ခဲ့တဲ့ အဆိုးယုတ်ဆုံးအလုပ်တွေကို သိသည်။ သူသာ အသက်ရှင်ရင် သူမအတွက် လမ်းဆိုးပို့လိုက်သလို ဖြစ်သွားလိမ့်မည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Où les histoires vivent. Découvrez maintenant