80+81 Unicode

3.4K 362 43
                                    


80

{Unicode}

မမလေးမုရုံ ဂရုစိုက်ပါ! စိုင်ကျင်း သတိပေးလိုက်တယ်။

မုရုံရွှယ်ခေါင်းလှည့်လိုက်တော့ နောက်မှာပါလာတဲ့ စိုင်ကျင်းကို တွေ့လိုက်ရတယ်။ သူက သူ့ရဲ့ကြာပွတ်ကို မြှောက်ကာ သူမမြင်းရဲ့အနောက်ဘက်ကို အားနဲ့ရိုက်ချလိုက်တယ်။ ရိုက်ချက်ကြောင့် မြင်းက ခုနကထက်တောင် ပိုပြိးအမြန်ပြေးတော့တယ်။

စိုင်ကျင်း ရှင်ဘာလုပ်တာလဲ?! မုရုံရွှယ် အော်ဟစ်ပြီး သူမကိုင်ထားတဲ့မြင်းဇာတ်ကြိုးကို တင်းတင်းကိုင်ကာ သူမမျက်လုံးတွေကလည်း ရန်လိုစိတ်ကြောင့် တဖျတ်ဖျတ်တောက်ပနေတယ်။

ကျွန်တော်က လာကယ်ပေးတာပါ မမလေးမုရုံ ဂရုစိုက်! စိုင်ကျင်းက ထူးဆန်းလှတဲ့ မထီမဲ့မြင်လေသံနဲ့ ပြန်ပြောတယ်။ သူ့မြင်းက မုရုံရွှယ်မြင်းနောက်ကနေ ကပ်လိုက်နေပြီး တောက်လျှောက်သူမမြင်းကို ရိုက်နေတယ်။ သူ့မျက်လုံးတွေထဲမှာ ကျေနပ်မှုတွေနဲ့ အန္တရာယ်ရှိတဲ့အရိပ်အယောင်တွေ ပြည့်နှက်နေတယ်။

သူမမြင်းကို ဆက်တိုက်ရိုက်နေပြီးတော့ အရူးလိုပြေးခိုင်းတာကို သူမကိုလာကယ်တယ်ဆိုပြီး ပြောတယ်? သူမကိုနာကျင်အောင်လုပ်ပြီး သူမစိတ်အာရုံတွေထွေပြားသွားရင် မုရုံရယ်ကို ကယ်လို့မရနိုင်တော့ဘူးလေ!

နောက်ပြီးတော့ သူမသာ ဇာတ်ကြိုးကို တင်းတင်းမကိုင်ထားဘူးဆိုရင် ပြုတ်ကျပြီးသေမှာဆိုတော့ မုရုံကျန်းလည်း ရန်သူတစ်ယောက်လျော့တာပေါ့!

ဘယ်လိုတောင် အကင်းပါးပြီး ကြောက်စရာကောင်းလိုက်တဲ့ ဗျူဟာလဲ! စိုင်ကျင်းက ဒီလိုမျိုးဗျူဟာချခဲ့တယ်။ သူက သေချင်နေတယ်ဆိုတော့လည်း သူမက ဖြည့်ဆည်းပေးရမှာပေါ့!

မုရုံရွှယ် လက်ကိုဆန့်ထုတ်လိုက်ပြီး သူမဝတ်ရုံအောက်က ငွေအပ်သုံးချောင်း ပစ်လွှတ်လိုက်တယ်။ အဲ့တာတွေက စိုင်ကျင်းရဲ့မြင်း တင်ပါးမှာသွားစိုက်တယ်။ မြင်းက ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်ကာ သွေးရူးသွေးတန်းပြေးတော့တယ်။

စိုင်ကျင်းက ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်ထားတာကြောင့် သူ့ရဲ့မြင်းကုန်းနှီးပေါ်မှာ ယက်ကန်ယက်ကန်ဖြစ်နေတော့တယ်။ သူ့မျက်လုံးထဲမှာ အကြောက်တရားတွေပြည့်လာပြီး ဇာတ်ကြိုးကို အမြန်ဆွဲကိုင်လိုက်တယ် ရပ်လိုက် ရပ်!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Opowieści tętniące życiem. Odkryj je teraz