100: နိုးထလာခြင်း

1.9K 216 7
                                    

Zawgyi

"အရေးမပါတဲ့ တစ်စုံတစ်ယောက်ပါ"
အိုးရန် ခံစားချက် မဲ့စွာ ပြောလိုက်တယ်

မုရုံရွှယ် ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်တယ်
"သူနဲ့ ရှင့်ကြားက ဆက်ဆံရေးကို ဘယ်သူက မေးနေလို့လဲ ကျွန်မက သူ့နာမည်ကို သိချင်တာ"

"ကိုယ် သူ့ကို တစ်ခါပဲ တွေ့ဖူးလို့ နာမည်တော့မသိဘူး"
အိုးရန်  ဆက်ပြောချင်စိတ်မရှိဟန်နဲ့ တည်ငြိမ်စွာ ပြောလိုက်တယ်

"တကယ်လား"
မုရုံရွှယ် သံသယမျက်လုံးများနဲ့ သူ့ကို ကြည့်လိုက်တယ် သူမ သူ(အိုးရန်) သူ့(အလောင်း)ကို စတွေ့တဲ့ပုံကို ပြန်စဉ်းစားတော့ သူ့ပုံက ရှော့ရသွားတဲ့ပုံ ဖြစ်ပြီး တစ်ခါထဲ တွေ့ဖူးတဲ့ပုံ မပေါက်ပေ

"ဒါပေါ့ ကိုယ်က ဘာလို့လိမ်ရမှာလဲ"
အိုးရန် ဆက်ပြောတယ်

မုရုံရွှယ် မဲ့ပြုံးပြုံးလိုက်တယ်
ဒီလူရဲ့ အကြောင်းက သူမအတွက် လုပ်စရာမရှိသော်ငြား သူမလုပ်ဖို့လိုအပ်တဲ့ တစ်စုံတစ်ခု ရှိနေပုံပဲ

သူမ သူမရဲ့ လက်ဖဝါးသေးသေးလေးကို အိုးရန်ရှေ့ ဖြန့်လိုက်ပြီး ပြောလိုက်တယ်
"ထုတ်ပေး"

"ဘာကိုလဲ"
အိုးရန် သူမကို စိတ်ရှုပ်စွာ ပြန်ကြည့်လာတယ်

"ဆေး သူ့ပခုံးနဲ့ ပေါင်မှာ ဒဏ်ရာရနေတာ သွေးကလဲ ထွက်နေတာ ကျွန်မ အဲ့တာကို မြန်မြန်တိတ်အောင် လုပ်ရမယ်လေ"
မုရုံရွှယ် အလေးအနက်ဖြစ်နေတဲ့ မျက်နှာနဲ့ ရှင်းပြလိုက်တယ်

အိုးရန် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို စိုက်ကြည့်ကာ
"မင်း သူ့ကို တကယ် ကယ်ချင်တာလား"

မုရုံရွှယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
"သူ့ဒဏ်ရာက ဆိုးရွားပေမဲ့ ရောဂါပိုးမဝင်သေးဘူး အဲ့ဒီတော့ ဒဏ်ရာကို သန့်ရှင်းပေးပြီး ဆေးလိမ်းပေးလိုက်ရင် ကျွန်မသူ့ကို ကယ်နိုင်လောက်တယ် ရိုးရိုးရှင်းရှင်းလေးပဲကို ကျွန်မ ဘာလို့ မလုပ်ရမှာလဲ"

အိုးရန် လှုပ်ရှားသွားတယ် ဒီလူက သူမထင်သလို မရိုးရှင်းပေ။ အကယ်၍ သူမသာ ကယ်လိုက်ရင် အန္တရာယ် ဖြစ်လာလိမ့်မယ်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now