95: တစ်ဦးတည်း သေမလိုဖြစ်ခြင်း

1.8K 229 10
                                    

Zawgyi

လတ်ဆတ်တဲ့ သွေးက သူမလက်မောင်းကနေ ထွက်လာပြီး သူမအင်္ကျီလက်တွေကိုပါ စိုရွှဲသွားတော့တယ် သူမလက်ကလည်း အဖြတ်ခံထားရသလို နာကျင်​နေတယ်
ချင်းယုယွမ် မုရုံရွှယ်ကို မုန်းတီးစွာ စိုက်ကြည့်တယ် သူမမျက်လုံးတို့က ဒေါသမီးလျှံတွေ တောက်လောင်နေတယ်
"မုရုံရွှယ် နင် ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်လို့ ငါကျိန်တယ်"

"မပူပါနဲ့ နင်က ငါ့ထက်အရင်သေလိမ့်မယ် ငါ  ဆိုးဆိုးရွားရွား သေခဲ့မယ်ဆိုရင်တောင် နင်အဲ့တာကို မြင်နိုင်မှာမဟုတ်ဘူး"

မုရုံရွှယ် ပြုံးလိုက်တယ် သူမ အခု အရမ်းကို ပျော်ရွှင်နေတယ် သူမ ဓားကို ဆွဲထုတ်လိုက်ပြီး သူမ(ချင်းယုယွမ်) လက်မောင်းကို အကြိမ်ရေများများ ခုတ်လိုက်တယ် ချင်းယုယွမ်ရဲ့ လက်မောင်းမှာ ပြတ်ရှရာတွေ အများကြီး ပေါ်လာပြီး ဒဏ်ရာတွေက သွေးတွေကလည်း မြင်မကောင်းအောင် ထွက်နေကာ သူမ အင်္ကျီလက်မောင်းကို ချင်းချင်းနီသွားစေတယ်

"အား အား အား ".ချင်းယုယွမ် နာကျင်စွာ အော်လိုက်တယ်

"မုရုံရွှယ် ငါနင့်ကို သတ်မယ်"
ချင်းယုယွမ် မျက်လုံးတို့ နီရဲလာကာ သူမအခြေအနေကို ဂရုမစိုက်တော့ဘဲ မုရုံရွှယ်ဆီ ပြေးဝင်သွားတယ်

မုရုံရွှယ် မနှစ်မြို့သလို ခံစားလိုက်ရပြီး ကိုယ်ကို တစ်ပတ်လှည့်ကာ သူမ(ချင်းယုယွမ်) ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်တယ် ထို့နောက် သူမ(ချင်းယုယွမ်) နောက်ကျောကို ဒေါသဖြစ်စွာ ကန်လိုက်တော့ သုံးမီတာလောက် လွင့်သွားတယ်
အေးစက်တဲ့ မြေပြင်မှာ လဲကျသွားတဲ့ ချင်းယုယွမ်မှာ သူမနားကနေ ဝီဝီဝီ အသံတွေ ကြားနေရသလို ဖြစ်သွားတာကြောင့် ခေါင်းကို သူမဘာသာ အသာရိုက်လိုက်တယ်

မုရုံရွှယ် သူမနား နီးသထက်နီးလာအောင် လျှောက်လာတာကြောင့် သူမခြေသံတွေက ချင်းယုယွမ်နားထဲ ကျယ်လောင်စွာ မြည်ဟည်းနေပြီး သူမ မေးရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရတယ် သူမ မုရုံရွှယ်ကို သတ်ဖို့ ကျွမ်းကျင်တဲ့ သူလျှိုတွေကို စီစဉ်ထားရတာ ဒါပေမယ့် မုရုံရွှယ်က သူတို့အားလုံးကို သတ်ဖို့ ပိုကောင်းတဲ့ အစီအစဉ် ရှိနေတယ် အခုဆို သူမကိုယ်သူမ သတ်ချင်စိတ်တောင် ဖြစ်နေပြီ မုရုံရွှယ်က အရမ်းရက်စက်တဲ့လူပဲ သူမက မော့ပေက မြင့်မြတ်တဲ့မင်းသမီးပါ ဘာလို့ မုရုံရွှယ်ရဲ့ လက်ထဲမှာ သေရမှာလဲ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now