Chapter 32

13.1K 1.8K 81
                                    

MWFV Ch 32

Improper!

Zawgyi Version

ဦးလေးဖုက သူတို့ကိုမိုဘိုင်းဖုန်းတွေပေးလိုက်တုန်းက သူတို့ရဲ့ address book ထဲမှာ Mr.ချင်ရဲ့ဖုန်းနံပါတ်ကို ထည့်သိမ်းထားပြီးဖြစ်ပေမယ့် စုပေက သူ့ထံ တစ်ခါမှဖုန်းခေါ်ဆိုခဲ့ဖူးခြင်းမရှိသလို စာပေးပို့ခြင်းလည်းမရှိခဲ့ပေ။ ဒါကြောင့် သူမ [Mr.ချင်] ထံမှ message ကိုမြင်လိုက်ရချိန်မှာတော့ စုပေက တခဏမျှ တုံ့ပြန်နိုင်စွမ်းမရှိဖြစ်သွားတယ်။

Mr.ချင်က အခုထိမပြန်သေးဘူးပေါ့? စုပေရဲ့မျက်လုံးတွေက ပြုံးရောင်သမ်းနေခဲ့တယ်။ သူမ ချက်ချင်းပဲ ချင်ရှောက်ရဲ့ဖုန်းကို ခေါ်လိုက်တော့တယ်။

စုပေ : "ဖေဖေ?"

ချင်ရှောက် : "ဖျော်ဖြေပွဲပြီးပြီလား?"

စုပေ : "အင်း"

ချင်ရှောက် : "အဖေက ကားထဲမှာ။ အဖေတို့ ကျောင်းဂိတ်ပေါက်ဝက parking နေရာမှာ ကားရပ်ထားတယ်"

စုပေက ရုတ်တရက် Mr.ချင်ရဲ့ဖုံးကွယ်ထားတဲ့ဆိုလိုရင်းကို အတပ်သိလိုက်သလို ခံစားလိုက်ရတယ်။ "ဒါဆို ခဏလေးစောင့်ပေးပါနော်, ဖေဖေ။ ရှောင်ပေါင်နဲ့သမီးတို့ အခုပဲလာခဲ့ပါ့မယ်"

-----

ကျောင်းဂိတ်ပေါက်ဝမှာ Mr.ချင်က ကားမှန်ပြတင်းပေါက်ကနေ အပြင်ဖက်သို့ ဖျတ်ခနဲကြည့်လိုက်စဉ် စုပေမှ ကားဆီသို့ ခုန်ပေါက်ပြီးခပ်ရွရွလေးပြေးလာကာ သူမနောက်မှာတော့ တစ်စုံတစ်ရာကို ကူသယ်ပေးနေခဲ့တဲ့ စုရှောင်ပေါင်က နောက်မှလိုက်လာတာကို သူမြင်လိုက်ရတယ်။ အစပိုင်းတုန်းက အလွန်တရာမည်းမှောင်နေပြီး အေးစက်မှုအပြည့်ဖြစ်နေခဲ့တဲ့ Mr.ချင်ရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို အနည်းငယ်ပျော့ပြောင်းသွားခဲ့တယ်။ Mr.ချင်ရဲ့စိတ်အခြေအနေမကောင်းတာကို သတိထားမိတဲ့ ကားရှေ့ခန်းမှ ကားသမားမှာလည်း နောက်ဆုံးတော့ ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့တယ်။

"ဖေဖေ?" စုပေက ကားဆီသို့လျှောက်လာခဲ့ပြီး ချင်ရှောက်က ကားပြတင်းပေါက်မှန်ချလိုက်တာကို တွေ့လိုက်ရတယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now