MWFV Ch 1 (Part 1)
Transmigrated Back (I)
Zawgyi Version"ပူလိုက်တာ..."
စုပေတစ်ယောက် မီးကျွမ်းပြီးသေတော့မလိုတောင် ခံစားနေရတယ်။
တစ်ခုခုက သူမကိုယ်ပေါ်မှာလာဖိမိနေတာကို သတိထားမိတာနဲ့ ချက်ချင်းဘဲ ခပ်မြန်မြန်ဖယ်ပစ်လိုက်တယ်။ သူမ အသက်ရှုတောင်ရပ်တော့မလို့!
အသက်ရှင်ချင်စိတ်ပြင်းပြနေတာကြောင့် မျက်လုံးတွေကို ဆတ်ခနဲဖွင့်လိုက်တယ်။
မျက်နှာကျက်ပေါ်မှာချိတ်ဆွဲထားတဲ့ မီးဆိုင်းအောက်မှာ သူမမျက်လုံးတွေက ချက်ချင်းဆိုသလို "ဟွားရှအမျိုးသားရောဂါကုဆေးရုံ"ဆိုပြီး ကြော်ငြာစာရိုက်ထားတဲ့ ထီးအဖြူရောင်ကြီးတစ်လက်ကို သတိပြုမိသွားတယ်။
ထီးကိုဖြတ်ထွက်လာတဲ့ အလင်းရောင်ခပ်မှိန်မှိန်ကနေ ပိုးကောင်တွေကပ်ငြိနေတဲ့ ပင့်ကူအိမ်အပြင် ခေါင်မိုးပေါက်တွေကိုပါ တစွန်းတစတွေ့မြင်လိုက်ရတယ်။
သူမ အိမ်မက်မက်နေတုန်းလား?
သူမရှေ့မှာမြင်နေရတဲ့ ရင်းနှီးတဲ့မြင်ကွင်းက ဟိုးအရင်အချိန်အခါတုန်းကလိုမျိုး ခံစားမိတာကြောင့် စုပေစိတ်မထိန်းနိုင်ဘဲ ငိုချင်သလိုလိုဖြစ်လာတယ်။
အနီးနားက ဘန်းကနဲအသံကြားလိုက်ရတာကြောင့် စုပေမျက်လုံးကို အသာလေးဝေ့ကြည့်လိုက်တော့ မီးရောင်အောက်မှာ အဖြူရောင်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုဆယ်ကျော်သက်ကောင်လေးက အိပ်ရာခေါင်းရင်းကနေ အိမ်ထဲထိရှိသမျှ အဝတ်စတွေကို လှန်လှောရှာဖွေတော့တယ်။ တောက်လျှောက်ဆိုသလို ပြန်ပြန်လှည့်လာပြီး စုပေနှဖူးပေါ် ရေစိုဝတ်လေးလာကပ်ပေးတယ်။ သူ့လှုပ်ရှားမှုက ကြောက်ရွံ့ပြီး ပျာယာခတ်လို့နေတယ်။
"စု..."
စုပေတစ်ယောက် သူမကိုဖိထားတဲ့ "လေးလံလှတဲ့တောင်ကြီး"ကို ခက်ခက်ခဲခဲနဲ့ တွန်းဖယ်နိုင်ဖို့ ရုန်းကန်လိုက်ရတယ်။
ထွက်လာတဲ့အသံက ဆယ်ကျော်သက်ကောင်လေးရဲ့ အာရုံကို ဖမ်းစားနိုင်သွားတယ်။ သူ့ခေါင်းတွေအမြန်လှည့်လာပြီး မျက်လုံးတွေကလည်း ကြောက်ရွံ့ထိတ်လန့်မှုအပြည့်ဖြစ်နေတယ် "နောက်ဆုံးတော့ နင်နိုးလာပြီပေါ့!"
YOU ARE READING
ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}
RomanceTitle - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre - Comedy, Drama, Romance, School Life, Shoujo Eng Translator - Koffean Myanmar Translator - Moonflower_K [Edit by Kay_Wine] We have permissio...