Chapter 24

13.5K 2K 121
                                    


MWFV Ch 24

Go To N City

Zawgyi Version

Mr.ချင်က ကလေးနှစ်ယောက်ကို သူ့အိမ်ထောင်စုစာရင်းထဲမှာ မှတ်ပုံတင်လိုက်ပြီဖြစ်တယ်။ မိသားစု သုံးယောက်လုံးသာမက ဦးလေးဖုပါ ပျော်ရွှင်နေကြတယ်။ အိမ်တော်ထိန်းကြီးက သူ့ရဲ့ပျော်ရွှင်မှုတွေကို ဖော်ပြတဲ့အနေနဲ့ Mr.ချင်နှင့်အမွှာနှစ်ယောက်အတွက် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ပေးထားခဲ့တယ်။

"ရှောင်ပေ, ရှောင်ပေါင်, အပေါ်မတက်ခင်စွပ်ပြုတ်လေးသောက်သွားကြအုန်းနော်" ညစာစားအပြီး အမွှာနှစ်ယောက်က သူတို့ရဲ့အခန်းဆီပြန်သွားကြတော့မှာကို မြင်လိုက်ရတော့ ဦးလေးဖုက သူတို့ကို တားလိုက်တယ်။

ချင်ယွဲ့နှင့်ချင်ယွိဆိုတာက သူတို့ရဲ့နာမည်အသစ်တွေဖြစ်တယ်။ သို့သော်ငြား အမွှာနှစ်ယောက်ကို 'ရှောင်ပေါင်' 'ရှောင်ပေ' ဆိုတဲ့နာမည်တွေပဲ အချိန်အတော်ကြာခေါ်လာခဲ့တာကိုကျင့်သားရနေခဲ့ပြီးနောက် သူတို့ကို ဒီနာမည်အဟောင်းနဲ့ပဲခေါ်ရတာကမှ ပိုပြီးရင်းရင်းနှီးနှီးဖြစ်သလိုထင်ရတယ်။ ဒါကြောင့် အဘွားဝမ်က ဒီမောင်နှမနှစ်ယောက်ကို မှည့်ပေးထားခဲ့တဲ့နာမည်က သူတို့ရဲ့နာမည်အသစ်အစား နာမည်ပြောင်တွေ ဖြစ်လာခဲ့တယ်။ အိမ်မှာဆိုရင်တော့ သူတို့ကို ဒီနာမည်ပြောင်နဲ့သာ ခေါ်လို့ရသေးတာပဲဖြစ်တယ်။

စုပေ : ဒါပေမယ့်သူတို့ဗိုက်ပြည့်နေပြီလေ။

သို့ပေမယ့် အိမ်တော်ထိန်းအိုကြီးရဲ့ဂရုစိုက်တဲ့မျက်နှာကို ကြည့်မိလိုက်တော့ စုပေက သူ့လက်ထဲက စွပ်ပြုတ်ပန်းကန်လုံးတွေကို ယူလိုက်ပြီး တစ်ခုကိုစုရှောင်ပေါင်ထံသို့ ကမ်းပေးလိုက်တယ်။

"ကလေးတွေက သူတို့စစရောက်ချင်းတုန်းကထက် အများကြီးကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကြတာပဲ" ဦးလေးဖုက မောင်နှမနှစ်ယောက်အပေါ်တက်သွားကြပြီးနောက် တိုးတိုးလေးရေရွတ်လိုက်တယ်။ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေရယ်၊ စိတ်သက်သာရာရမှုတွေနဲ့ ပြည့်လျှံလို့နေတယ်။

Mr.ချင်ရဲ့ပါးစပ်က အနည်းငယ်လှုပ်ရှားသွားပုံရပေမယ့် သူကဦးလေးဖုရဲ့စကားတွေကို ထောက်ခံလိုက်မိတယ်-ဒီကောင်မလေးက တကယ့်ကို အများကြီးပိုပိုလှလာတာပဲ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now