Chapter 3.2

12.2K 1.8K 36
                                    

MWFV Ch 3 (Part 2)
Compared With You, He Is Far Worse (II)


Zawgyi Version

ကျောင်းကနေအိမ်အပြန်မှာ စုပေနဲ့စုရှောင်ပေါင်တို့နှစ်ယောက်က ရုတ်တရက်ပေါ်လာတဲ့ကျောင်းသားကြောင့် ရပ်တန့်သွားကြတယ်။

သူကတော့ရှုလန်။ ကျောင်းသူလေးတွေကြားမှာတော့ ‘သခင်လေးရှု’ လို့အသိများကြတယ်။ သူ့မိသားစုက ကျောက်မီးသွေးတွင်းလုပ်ငန်းလုပ်ကိုင်ကြပြီး အရမ်းချမ်းသာတယ်လို့လဲ သတင်းထွက်ထားတယ်။ ဒီကျောင်းမှာဆိုရင် သူက ‘School Grass’ လေးဖြစ်ပြီး မိန်းကလေးအများစုက သဘောကျရတဲ့ နတ်ဘုရားလေးတစ်ပါးဖြစ်တယ်။

[Moon’s note :  ‘School Grass’ ဆိုတာက ကျောင်းမှာအချောဆုံးကောင်လေးကိုခေါ်တာပါ ကောင်မလေးဆိုရင်တော့ ‘School Flower’ လို့ခေါ်ပါတယ် ]

ရှုလန်ကြည့်ရင်း စုပေကရယ်စရာကောင်းလိုက်တာလို့ပဲခံစားမိတယ်။ ကျိုးဟုန်မိန်ရဲ့အဖွဲ့က သူမကိုပြဿနာလိုက်ရှာနေတာ တကယ်တော့ဒီလူကြောင့်ပဲလေ။

“ဖယ်ပေးစမ်း” စုရှောင်ပေါင်ကသူတို့ကိုပိတ်ရပ်နေတဲ့ခွေးကိုကြည့်ပြီး ရိုင်းရိုင်းပဲပြောလိုက်တယ်။

အပြောခံလိုက်ရတာကြောင့် အမွှာနှစ်ယောက်ကိုကြည့်လိုက်တဲ့ ရှုလန်မျက်လုံးတွေမှာလည်း အထင်အမြင်သေးမှုတွေနဲ့ ‘ငါကရောမင်းလိုကောင်နဲ့စကားပြောပြီး ငါ့အချိန်တွေကိုဖြုန်းတီးချင်တယ်လို့မင်းထင်နေလား..?’ ဆိုပြီး ပြောနေသယောက် ပေါ်နေတယ်။

“ငါစကားတစ်ခွန်းပဲပြောမှာ ပြောလို့ပြီးတာနဲ့သွားမှာ” ရှုလန်ကအသံတိုးတိုးလေးနဲ့ဆက်ပြောတယ် “ငါကျိုးဟုန်မိန်ကိုမကြိုက်ဘူး... အဲဒါကြောင့်နင်နဲ့သူကြားမှာဖြစ်တဲ့ ကတောက်ကဆတွေက ငါနဲ့ဘာမှမဆိုင်ဘူး”

ကျိုးဟုန်မိန်ကသူ့ကိုကြိုက်တယ်လို့ဝန်ခံထားပြီးသား။

သူကကျိုးဟုန်မိန်လို ဆိုးသွမ်းတဲ့မိန်းကလေးမျိုးကိုမကြိုက်ဘူး။ ဒါပေါ့ စုပေလိုမသေချာတဲ့နောက်ခံမျိုးနဲ့ မိန်းကလေးဆိုရင် သူ့ဘက်ကပိုတောင် မကြိုက်သေးတယ်။

အဲဒီနေ့က ကျိုးဟုန်မိန်ကိုသူတော်တော်စိတ်မရှည်ဖြစ်နေတာနဲ့ ခပ်ပေါ့ပေါ့ပြောချလိုက်တာ “စုပေကလည်းငါ့ကိုကြိုက်နေတာ အဲတော့သူမခံစားချက်ကိုရောငါလက်ခံပေးရသင့်လား..?”

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now