Chapter 49

10.9K 1.6K 30
                                    

MWFV Ch 49

He Won’t Let Them Be Harmed


Zawgyi Version

အိမ်တော်ထိန်းကြီးဝင်လာပြီး ချင်ကျင်းကော်ကိုပြောလိုက်တယ် : “ဆရာ, ဒုတိယသခင်လေးနဲ့ သူ့မိသားစုတွေ ရောက်လာကြပါပြီ”

ချင်ကျင်းကော်နဲ့ ချင်ရှောက်ရဲ့စကားပြောဆိုနေတာတွေ ရုတ်ချည်းရပ်တန့်သွားခဲ့တော့တယ်။

“ငါသိပြီ” ချင်ကျင်းကော်က ချင်ရှောက်အား စုန့်ယန်ချန်းအကြောင်းသာမက အမွှာလေးတွေရဲ့ မိခင်အရင်းဖြစ်သူအကြောင်းကိုပါ မေးကြည့်ချင်နေသေးတာဖြစ်တယ်။ သို့ပေသိ သူ့ခမျာ ချင်ရှောက်ရဲ့ မျက်နှာကြီးအေးတိအေးစက်ဖြစ်သွားပြီး ထွက်သွားဖို့ဟန်ပြင်နေတာကိုသာ မြင်တွေ့လိုက်ရတယ်။

ချင်ရှောက်က သူ့ကလေးနှစ်ယောက်နဲ့ပတ်သတ်ပြီး စိုးရိမ်နေတယ်ဆိုတာကို ချင်ကျင်းကော်က သိနေခဲ့တယ်။ သူလည်း မတတ်သာစွာနဲ့ပဲ သက်ပြင်းချမိပြီး ချင်ရှောက်ကို တားကာ ပြောလိုက်တယ်, “ဒါကကျင်းရှီဥယျာဉ်လေ။ မင်းနဲ့သူ့ကြား ဘယ်လောက်ပြင်းထန်တဲ့ဝိရောဓိတွေ ရှိနေပါစေ, ဒီနေရာမှာတော့ သူဘာတစ်ခုမှ မလုပ်ရဲပါဘူးကွ။ မင်းအန်တီချန်လည်း ဒီမှာရှိနေတာကို ပြောနေစရာလိုပါအုံးတော့မလား”

ချင်ရှောက်က ချင်ကျင်းကော်ကို ပေါ့ပေါ့တန်တန် မျက်စိတစ်ချက်ဝေ့ကြည့်လိုက်တယ်။ နှာတစ်ချက် မှုတ်လိုက်ပြီးနောက် သူက တံခါးကိုဖွင့်ကာ စာကြည့်ခန်းထဲကနေ အလျင်အမြန်ထွက်သွားခဲ့တယ်။

ချင်ကျင်းကော်ကလည်း နောက်ကလိုက်လာခဲ့ပေမယ့်လို့ ချင်ရှောက်က အရမ်းမြန်မြန်ကြီးကို လျှောက်နေခဲ့တာကြောင့် ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ ချင်ကျင်းကော်တစ်ယောက် နောက်မှာသာ ကျန်ရစ်ခဲ့ရတော့တယ်။

-----

ဒီအချိန်မှာပဲ စုပေနဲ့ စုရှောင်ပေါင်တို့က ဥယျာဉ်ထဲမှာ စုန့်ယန်ချန်းနှင့် သူ့မိသားစုကို ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now