Chapter 58

11.1K 1.7K 66
                                    

MWFV Ch 58

Don't Do Early Love

Zawgyi Version

အတန်း ၈-၇ က ၎င်းတို့၏ ပြိုင်ပွဲဝင်စီတန်းလှည့်လည်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ စုပေတစ်‌ယောက် စိတ်သက်သာရာရစွာဖြင့် တိတ်တိတ်လေး သက်ပြင်းချလိုက်မိပြီး ၎င်းတို့အတန်းအတွက် သတ်မှတ်ပေးထားသော ဧရိယာသို့ သူမ၏အတန်းဖော်များကို ဦးဆောင်ခေါ်သွားခဲ့တယ်။

တုန့်ဝိန်ချီက စုပေရဲ့ဘေးကို လျှစ်ခနဲ ရောက်သွားခဲ့တယ်။ ကျန်တဲ့အတန်းတွေလိုပဲ သူမလည်း ကျောင်းဖိုရမ်မှာ ဟိုဟိုဒီဒီကြည့်ရှုဖို့အတွက် မစောင့်နိုင်တော့လေဘူး။ "ငါတို့ရဲ့ဖျော်ဖြေတင်ဆက်မှုက အတော်လေး ချီးကျူးခံထားရတာပဲ!" သူမမျက်လုံးတွေကို သူမရဲ့မိုဘိုင်းဖုန်းပေါ်မှာသာ ကပ်ထားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

ဖိုရမ်ထဲ၌, အတန်း ၈-၇ ၏ 'Multi-Era Show' နှင့်ပတ်သတ်တဲ့ မှတ်ချက်တွေက အတန်း ၈-၂ လောက် မဆိုးလေဘူး။ ဒါပေါ့, စုပေနဲ့ စုန့်ရှင်းယီတို့အကြောင်း ဆွေးနွေးမှုတွေကတော့ အများကြီးပဲ‌ပေါ့။

"ကြည့်အုံး, ဖိုရမ်ထဲက လူတော်တော်များများက နင်က ပိုပိုလှလာတယ်လို့ ပြောနေကြတယ်" တုန့်ဝိန်ချီက ဖုန်းကို စုပေထံ လှမ်းပေးလိုက်တယ်။

[စုန့်ရှင်းယီရဲ့ ဟန်များလွန်းတဲ့ cosplay နဲ့စာရင် စုပေရဲ့ဝတ်စုံကမှ ပိုသာ‌သေးတယ်လို့ ငါရုတ်တရက်ကြီး တွေးမိသွားတယ်]

[စုပေရဲ့အကလည်းအရမ်းကောင်းတာပဲ]

[မင်းတို့အားလုံးသတိထားမိကြလား? သူကျောင်းပြောင်းလာလာချင်းတုန်းကနဲ့စာရင် စုပေက အခု အများကြီး ပိုလှလာတယ်ဆိုတာကိုလေ]

Post အောက်မှာတော့, ရေနွေးဓာတ်ဘူးကိုင်ထားတဲ့ စုပေရဲ့ဓာတ်ပုံတစ်ပုံ ရှိလေတယ်။ ဒီဟာက အရင်‌တစ်ခေါက် 'ကျောင်းအလှပန်းလေးကိုမဲပေးတဲ့' အချိန်တုန်းက သုံးခဲ့ဖူးတဲ့တစ်ခုနဲ့ အတူတူပဲဖြစ်တယ်။

[Wow! ယှဉ်မကြည့်မိဘူးဆိုရင် ငါသတိထားမိမှာမဟုတ်ဘူး။ သူက တကယ် အများကြီး ပိုလှလာတာပဲ!]

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now