Chapter 47

11.7K 1.6K 17
                                    


MWFV Ch 47

Protect Our Father

Zawgyi Version

ညနေခင်းတွင် Mr.ချင်တစ်ယောက် အိပ်ခန်း၏မှန်ရှေ့၌ သူ့ရဲ့လည်စည်းအသစ်ကိုစည်းဖို့ ကြိုးစားရင်း ပြုံးပျော်ရွှင်နေခဲ့တယ်။ လက်ဖက်ရည်လာပို့ပေးဖို့ အထဲဝင်လာခဲ့တဲ့ ဦးလေးဖုတောင်မှ ဒီမြင်ကွင်းကိုကြည့်ပြီး နည်းနည်း အံ့အားသင့်သွားခဲ့ရတယ်။

“အဲဒါ ဆရာ့ရဲ့လည်စည်းအသစ်လား, ဆရာ? ကျွန်တော်အရင်ကမမြင်ဖူးလို့ပါ” ဦးလေးဖုကမေးလိုက်တယ်။

“ဒါ ရှောင်ပေ ပေးထားတာလေ” Mr.ချင်က တည်ငြိမ်စွာပြောလိုက်ပေမယ့်လို့ သူ့လေသံက သိသာနေခဲ့တယ်။

ဦးလေးဖုက ခဏလောက်ကြောင်အသွားခဲ့ရတယ်။ ထို့နောက် သူကပြုံးလိုက်ပြီးတော့ တိတ်တဆိတ် တွေးလိုက်တာကတော့ : ဒါ့ကြောင့်ကိုး။

“ဒီလည်စည်းကအရမ်းကြည့်ကောင်းတာပဲ။ ဆရာနဲ့လည်းအရမ်းလိုက်တာပဲ, ဆရာရဲ့” ဦးလေးဖုက မှတ်ချက်ပေးတယ်။

Mr.ချင်ရဲ့ပုံမှန်အဝတ်အစားတွေက များသောအားဖြင့် အရောင်မှိုင်းမှိုင်းတွေသာဖြစ်ပြီး သူ့အတွက် သီးသန့် ချုပ်လုပ်ထားတဲ့ လည်စည်းတွေကလည်း လုံးဝကြီးကို အရောင်မှိုင်းမှိုင်းနှင့် ရိုးရိုးရှင်းရှင်းပုံစံများသာဖြစ်တယ်။ ရှောင်ပေပေးထားတဲ့လည်စည်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ကြည့်ရတာ...ဘယ်လိုပြောရမလဲ, ငယ်ရွယ်နုပျိုပြီး တက်ကြွလန်းဆန်းနေသလိုပဲ။

ချင်ရှောက် : “မဆိုးပါဘူး”

“အဲဒါလေးကို မနက်ဖြန်အတွက် တစ်ယောက်ယောက်ကို ပြင်ခိုင်းထားလိုက်ရမလား” သူပြောနေစဉ်မှာပဲ Mr.ချင်က အဲဒီလည်စည်းကို မနက်ဖြန်ဝတ်မယ့် suit နှင့်အတူ တွဲထားလိုက်တော့တယ်။

ဦးလေးဖု : “ဆရာ, မနက်ဖြန်ဒါဝတ်သွားမလို့လား?”

ချင်ရှောက် : “အင်း။ စီမံကိန်းဖွင့်ပွဲအခမ်းအနားတစ်ခုရှိလို့ အဲဒါကိုဝတ်သွားလိုက်မယ်”

ဦးလေးဖုက ပြုံးလိုက်ပြီးတော့ နားလည်သဘောပေါက်ဟန်နဲ့ ခေါင်းငြိမ့်ပြလိုက်ကာ : “ဟုတ်ကဲ့ပါ, ကျွန်တော် အစေခံတွေကို စောစောလာပြီး ဒီလည်စည်းကို မီးပူတိုက်ထားဖို့ ခေါ်ထားလိုက်ပါ့မယ်”

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Wo Geschichten leben. Entdecke jetzt