Chapter 52

11.9K 1.9K 49
                                    

MWFV Ch 52

Essay

Zawgyi Version

အတန်းပိုင်ဆရာမက စင်မြင့်ထက်က‌နေ ထိပ်ဆုံးကျောင်းသားသုံးယောက်အား ချီးကျူးဂုဏ်ပြုနေတာ‌ကို ကြားလိုက်ရချိန်မှာတော့ တုန့်ဝိန်ချီ၏ဖခင်ဖြစ်သူက လေးစားအားကျတဲ့ ပင့်သက်ရှိုက်ရုံကလွဲပြီး ဘာမှမတတ်နိုင်လေဘူး။ “Mr.ချင်,” သူက သူ့ဘေးနားမှာထိုင်နေတဲ့ ချင်ရှောက်ထံ စကားလှမ်းပြောလိုက်တယ်, “ခင်ဗျား တကယ်ပဲ ခင်ဗျားရဲ့ကလေးတွေကို ကောင်းကောင်းသွန်သင်ထားတာပဲ။ ချင်ယွိနဲ့ ချင်ယွဲ့က ဒီစာမေးပွဲမှာ ထူးချွန်လိုက်ကြတာဗျာ”

တခဏမျှ တိတ်ဆိတ်သွားပြီးနောက် တုန့်ယောက်ဟွာတစ်ယောက် အနည်းငယ် ကိုးရိုးကားရားဖြစ်တယ်လို့ ခံစားခဲ့ရပြီး, Mr.ချင်ပြန်မတုံ့ပြန်တာက ဘာဖြစ်လို့လည်းဆိုတော့ သူ့ကလေးတွေရဲ့ စာမေးပွဲအဖြေလွှာတွေကို အာရုံစိုက်ကြည့်နေရင်း အလုပ်များနေတာကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ နားလည်သဘောပေါက်သွားတော့တယ်။

ချင်ရှောက်က စုပေ၏ တရုတ်ဘာသာစာမေးပွဲ essay အား ဖတ်ရှုနေစဉ်ဖြစ်တယ်။

အဖေ...

[ကျွန်ုပ်၏ဖခင်သည် အလွန်ထူးချွန်သူတစ်‌ယောက်ဖြစ်ပါသည်။ ကျွန်ုပ်၏အမြင်၌ သူသည် အလွန်နူးညံ့ပြီး စိတ်ရှည်သည်းခံတတ်‌သူဖြစ်သည်။ သူသည် အလွန်ပင်အာဏာရှိသူလည်းဖြစ်သည်။ သူသည် အရာပေါင်းများစွာကို သိရှိနားလည်သူဖြစ်ကာ သူ မလုပ်နိုင်သည့်အရာဟူ၍ မရှိသည့်ပုံ‌ရသည်။ ကျွန်ုပ်တို့အား ပြုစုစောင့်ရှောက်ခြင်း ဟူ‌သည်ကား သူ မကျွမ်းကျင်သောအရာတစ်ခုတည်းသာ ဖြစ်ကောင်းဖြစ်နိုင်မည်ဆို‌သော်လည်း သူသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဆဲပင်ဖြစ်သည်...]

စုပေရဲ့ essay က သူမ‌လေးလိုပါပဲလား : ဒါက လှပပြီး နွေးထွေးလိုက်တာ။

ခဏလောက် ရပ်တန့်သွားပြီးတဲ့နောက်, Mr.ချင်က ဆက်ဖတ်လိုက်တယ်။

[ကျွန်ုပ်၏ဖခင်ဖြစ်သူထံ ရောက်ရှိလာခဲ့ပြီး သူ၏သမီး ဖြစ်ခွင့်ရသည်မှာကား ကျွန်ုပ်လုံးဝနောင်တမရနိုင်မည့် အရာတစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။]

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}On viuen les histories. Descobreix ara