Chapter 40

12.7K 1.7K 24
                                    

MWFV Ch 40

Investment

Zawgyi Version

မနေ့က ဧည့်ခံပွဲမှာ ဖြစ်ပျက်ခဲ့တာတွေနှင့်ပတ်သတ်ပြီး Mr.ချင်နှင့်စုပေအား တောင်းပန်ရန် လင်းရှောက်ချီက ဒီနေ့မှာ ချင်မိသားစုထံ လာရောက်လည်ပတ်တာဖြစ်တယ်။

ဧည့်ခန်းထဲမှာ စုပေက Mr.ချင်ရဲ့ညာဖက်ခြမ်းမှာ ထိုင်နေခဲ့တယ်။ သူ့ရှေ့မှာထိုင်နေတဲ့လူကိုကြည့်ရင်း သူမ ဒွိဟဖြစ်မိတယ် : ဒီလူကိုနည်းနည်းရင်းနှီးနေတယ်လို့ သူမထူးထူးခြားခြား ခံစားနေရတယ်။

ဒီအချိန်မှာပဲ Mr.ချင်က သူမနှင့်ဧည့်သည်ဖြစ်သူကို မိတ်ဆက်ပေးလိုက်တယ် : “သူက လင်း Group ရဲ့ ဥက္ကဌလေး လင်းရှောက်ချီလေ”

စုရှောင်ပေါင်နဲ့ လင်းရှောက်ချီတို့က မနေ့က တွေ့ခဲ့ပြီးဖြစ်တာကြောင့် ဒီအချိန်မှာတော့ ကောင်လေးက တစ်ဖက်လူကို အသာခေါင်းငြိမ့်ပြပြီး ပြောလိုက်တာက, “ဟဲလို”

ဧည့်သည်ဖြစ်သူရဲ့ identity ကိုကြားလိုက်ရချိန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရတဲ့သူကတော့ စုပေပဲ ဖြစ်တယ်။

--ဒါက သူမနဲ့အလုပ်လုပ်နေတဲ့ အဲဒီ လင်း Group ဆိုတာနဲ့အတူတူပဲလား?

[vvvv] ပေးတဲ့အကြံအတိုင်း စုပေက လင်း Group ထံ နောက်ထပ် email တစ်စောင်ပေးပို့လိုက်တယ်, ဖော်ပြထားတာကတော့ သူမက သူတို့အတွက် အလုပ်မလုပ်ပေးနိုင်ပေမယ့် ဒီစီမံကိန်းအတွက် အဝေးမှ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့အတွက် အကြံပေးတစ်ယောက်အနေနဲ့ ကူညီပေးရန် ဆန္ဒရှိသည်ဟူ၍ပင်။ လင်း Group က သဘောတူလက်ခံတယ်။ စုပေက ကနဦးအနေနဲ့ မူရင်းလစာ၏ ၃၀% ကိုသာ တောင်းဆိုခဲ့တယ်။ သို့သော် လင်း Group က အလွန်တရာကို ရက်ရောလှတယ် : သူတို့ကမ်းလှမ်းထားခဲ့တဲ့ ပမာဏအပြည့်ကို သူမထံ ပေးအပ်နေဆဲဖြစ်တယ်။

ပြောကြကြေးဆိုရင် သူမထက်အရင်ထိုင်နေတဲ့ ဒီဥက္ကဌလေးလင်းဆိုသူက သူမရဲ့သူဌေးတစ်ဝက်ပဲ ဖြစ်တယ်။

စုပေက မတတ်သာပေမယ့် လူငယ်လေးကို နည်းနည်းလေး ထပ်ကြည့်လိုက်မိတယ်။ သူတို့တစ်ခါမှ မဆုံဖူးကြသော်ငြား [Q] အဖြစ်နဲ့ စုပေက အင်တာနက်ကနေတဆင့် လင်းရှောက်ချီနှင့် အကြိမ်ပေါင်း မြောက်များစွာ ဆက်သွယ်ခဲ့တယ်။ သူတို့က network security စီမံကိန်းနှင့် ၎င်း၏နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း ပြောဆိုခဲ့ဖူးတယ်။ သူတို့ရဲ့ဆက်သွယ်မှုကနေ လင်းရှောက်ချီက စီးပွားရေးလုပ်ငန်း အသစ်တစ်ခု စတင်စွန့်စားလုပ်ကိုင်ခြင်းအတွက် သူ၏တာဝန်ရှိမှုကြောင့် အသေးစိတ်ကျသော၊ အလေးအနက်ထားတတ်သော လူငယ်တစ်ယောက်ဆိုတဲ့ ခံစားချက်မျိုးကို စုပေအား ပေးနိုင်ခဲ့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now