MWFV Extra 2
Daddy Qin in Another World
Zawgyi Version
ချင်ဆေးရုံကြီး၊ VVIP သီးသန့်ခန်းတွင်ဖြစ်သည်။
Mr.ချင် ရုတ်တရက် မျက်လုံးတွေပွင့်လာခဲ့တယ်။
"ဆရာ၊ နိုးပြီလား" ချန်တဲ့ရဲ့အသံက ဘေးကနေ ထွက်ပေါ်လာခဲ့တယ်။
ချင်ရှောက် ခေါင်းညိတ်လိုက်ပြီး ဝိုးတိုးဝါးတား မေးလာတယ်။ "ရှောင်ပေနဲ့ ရှောင်ပေါင်တို့ရော ဘယ်မလဲ?"
ချန်တဲ့ခမျာ အံ့အားသင့်သွားရတော့တယ်။ "ဆရာ ဘာပြောလိုက်တာလဲဗျ? ရှောင်ပေ၊ ရှောင်ပေါင်ဆိုလား?"
အခုချိန်မှာ Mr.ချင်တစ်ယောက် နောက်ဆုံးတော့ အိပ်မက်ကနေ ပြန်လည်နိုးထလာခဲ့ပြီဖြစ်တယ် : ဒီနေရာက အဲ့ဒီကမ္ဘာမဟုတ်ဘူးပဲ။ ဒီကမ္ဘာမှာ ရှောင်ပေနဲ့ ရှောင်ပေါင်က သူ့ကိုလာရှာကြမှာမဟုတ်ဘူး။
ချင်ရှောက်က သူ ကိုမာဖြစ်နေတာ ဘယ်လောက်ကြာသွားမှန်းမသိဘူး။ ဒီကာလအတွင်း သူ တော်တော့်ကိုရှည်ကြာတဲ့ အိပ်မက်တစ်ခုမက်နေခဲ့တာ။ အဲ့ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်စတင်ခဲ့ပြီး သူ့ကို 'ဖေဖေ' လို့ခေါ်ကြတဲ့ ညစ်ညစ်ပတ်ပတ် ကလေးနှစ်ဦး ရုတ်တရက်ပေါ်လာတာကနေ သူတို့ရဲ့နေ့စဉ်ဘဝတွေအပြင် နောက်ဆုံး မိသားစုတစ်ခုအဖြစ် တဖြည်းဖြည်း ပိုရင်းနှီးလာခဲ့ကြသလိုမျိုးဖြစ်တယ်။ သူမြင်မက်ခဲ့တာတွေက သူ့ကလေးတွေ အထက်တန်းအောင်ပြီး ကောလိပ်တက်တာတွေ၊ သူ့သမီးလေးကို သူအင်တင်တင်နဲ့ အိမ်ထောင်ချပေးလိုက်ရတာတွေ၊ သူ့သားရဲ့ယောက္ခမလောင်းတွေနဲ့ ညစာအတူစားခဲ့တာတွေပင်...
အဲ့ဒီနေရာမှာ သူ့ဘဝကြီးက ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေအပြည့်နဲ့ဖြစ်တယ်။ ထိုမှတ်ဥာဏ်ကို ပြန်အမှတ်ရမိချိန်မှာတော့ Mr.ချင်ရဲ့မျက်ဝန်းတွေထဲမှာ အပြုံးရိပ်တစ်ခု ဖျတ်ခနဲပေါ်လာခဲ့တယ်။
သို့ပေမဲ့ နောက်တစ်စက္ကန့်အကြာမှာတော့ သူ အတော်ကြီးကို မျက်မှောင်ကြုတ်မိသွားတယ်။
"ချန်တဲ့"
"ဟုတ်ကဲ့၊ ဆရာ?"
"ကလေးနှစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံးရှာ။ သူတို့ရဲ့အသက်က ဆယ့်ကိုးနှစ်ရှိပြီ။ ကောင်မလေးနာမည်က စုပေ၊ ကောင်လေးနာမည်က စုရှောင်ပေါင်။ ကုန်ချင်သလောက်ကုန်ပလေ့စေ"
YOU ARE READING
ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}
RomanceTitle - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre - Comedy, Drama, Romance, School Life, Shoujo Eng Translator - Koffean Myanmar Translator - Moonflower_K [Edit by Kay_Wine] We have permissio...