Chapter 48

11K 1.6K 19
                                    

MWFV Ch 48

Mid-Autumn Festival

Zawgyi Version


မကြာခင်မှာပဲ ဆောင်းဦးလယ်ပွဲတော်အချိန်အခါသမယသို့ ရောက်ရှိလာခဲ့တယ်။

မနက်ပိုင်းမှာတော့ စုပေက စုရှောင်ပေါင်အခန်းထဲမှာ ရှိနှင့်နေပြီးဖြစ်ကာ ဒီနေ့မွန်းလွဲပိုင်းတွင် သူတို့ ကျင်းရှီဥယျာဉ်သို့ သွားရောက်လည်ပတ်ကြတဲ့အခါ သူဝတ်ရမယ့်အဝတ်အစားများကို ကူညီရွေးချယ်ပေးနေခြင်း ဖြစ်တယ်။

စုပေ : “ဟင့်အင်း, ဒီတစ်ခုကအရမ်းရိုးလွန်းတယ်”

“ဒါက အတော်လေးအဆင်ပြေတယ်လို့ ငါထင်တာပဲ” စုရှောင်ပေါင်က သူ့ရဲ့အားကစားဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။

စုပေ : “မကောင်းပါဘူး, ဈေးကြီးတဲ့ပုံမှမပေါက်တဲ့ဟာကို”

အဲဒါကြောင့် စုရှောင်ပေါင်က သူ့ရဲ့ဈေးအကြီးဆုံးဝတ်စုံကို ထုတ်လိုက်ပြီး : “ဒါဆိုရင်ရော?”

ဒီဟာက စုရှောင်ပေါင်အတွက် လူမှုရေးပွဲလမ်းသဘင်များ တက်ရောက်ရာတွင် ဝတ်ဆင်ရန် ဦးလေးဖုမှ ပြင်ဆင်ပေးထားတဲ့ ဝတ်စုံပဲဖြစ်တယ်။ အလွန်တရာကို ခန့်ညားလှတယ်။

စုပေ : “အရမ်းရင်းနှီးသိမ်မွေ့နူးညံ့တဲ့ပုံပေါက်နေတယ်”

စုရှောင်ပေါင် : “...”

“နင့်မှာ လူသတ်ချင်သလို အရှိန်အဝါများများပါတဲ့ အဝတ်လေးဘာလေး မရှိဘူးလား? ထားလိုက်တော့, ငါ့ဖာသာငါပဲ ရှာတော့မယ်” စုပေက အိပ်ယာပေါ်မှ ခုန်ထလိုက်ပြီး စုရှောင်ပေါင်အား အဝတ်ခန်းထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားခဲ့တယ်။ မကြာခင်မှာပဲ သူမက ဒီဇိုင်းအလှပုံစံများဆင်ယင်ထားတဲ့ suit တစ်ထည်ကို တွေ့သွားခဲ့တယ်။ အဲဒါက ဖက်ရှင်ကျပြီး ဈေးကြီးပုံပေါက်တဲ့အပြင် အရမ်းအရမ်းကိုကြည့်လို့ကောင်းတယ်!

“ဒီတစ်ခုပဲ။ မြန်မြန်လေးသွားဝတ်ကြည့်လိုက်စမ်းပါ” စုပေက အဝတ်တွေကို မျှော်လင့်ချက်အပြည့်ဖြင့် စုရှောင်ပေါင်ထံ ထိုးသိပ်ထည့်ပေးလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now