Chapter 1.2

16.1K 1.9K 57
                                    

MWFV Ch 1 (Part 2)

Transmigrated Back (II)


Zawgyi Version

“စုရှောင်ပေါင် နင်ကငါ့ကိုကြောက်အောင်လုပ်တာ”

“ငါမလုပ်ပါဘူး...ငါဘယ်တုန်းကနင့်ကိုကြောက်အောင်လုပ်မိလို့လဲ”

“အခုလေးတင်လေ”

စုရှောင်ပေါင်ကလေသံတိုးတိုးလေးနဲ့ဘဲပြောလိုက်တယ် “ငါနင့်ကိုကြောက်အောင်လုပ်တာ မဟုတ်ပါဘူး... ငါကအဲဒီလူတွေကိုဘဲစိတ်တိုတာ... ထားလိုက်တော့... ငါနင့်ကိုနောက်ထပ်ကြောက်လန့်ရအောင် မလုပ်တော့ဘူးနော်... နောက်ကျရင် နင်လုပ်ချင်တာတွေအကုန် ငါလုပ်ပေးမယ်... မငိုနဲ့တော့”

“ငါတို့မိသားစုမှာ ပြောရေးဆိုခွင့်ရှိတာ ဘယ်သူလဲ..?”

“နင့်မှာ ပြောရေးဆိုခွင့်ရှိတယ်...”

“အဲတော့ ငါကနင့်အစ်မအကြီးပေါ့?”

စုရှောင်ပေါင်ကအံတင်းတင်းကြိတ်ပြီးပြောလိုက်တယ် “အဲလိုဆိုတော့လည်း နင်ပြောသလိုပါပဲ...” စုပေက သူမရဲ့နာကျင်နေတဲ့ပါးပြင်ကိုထိကိုင်ရင်း ကျေနပ်စွာပြုံးလိုက်တယ်။

သူမကမျက်ရည်တွေနဲ့နှပ်ချေးတွေကို စုရှောင်ပေါင်ရဲ့အဝတ်တွေမှာ သုတ်ပစ်လိုက်ပြီးနောက်မှာတော့ စုပေတစ်ယောက် သူမခေါင်းကိုမော့ပြီး ရှေ့ကလူကိုကြည့်လိုက်တယ်။

“ဒါဆို ငါ့ကိုအစ်မကြီးလို့ခေါ်လေ... ငါကြားချင်တယ်...”

စုပေရဲ့မျှော်လင့်ချက်အပြည့်ဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်ရင်း စုရှောင်ပေါင်ဆီကနေ စိတ်မပါတပါအသံတစ်ခု ထွက်လာတယ် “.......အစ်မကြီး”

တကယ်တော့ အဘွားဝမ်တောင်မှ သူတို့နှစ်ယောက်မှာ ဘယ်သူကအရင်ထွက်လာတာလဲဆိုတာကို မသိလေဘူး။ ဒါပေမယ့် စုရှောင်ပေါင်ရဲ့စိတ်ထဲမှာတော့ သူကအမြဲတမ်း အစ်ကိုကြီးဖြစ်ပြီး စုပေကတော့ သူရဲ့ညီမငယ်လေးဖြစ်နေဆဲပဲ...

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now