Chapter 46.1

10.8K 1.6K 7
                                    

MWFV Ch 46 (Part I)

Exam Results Are Out!

Zawgyi Version

နောက်တစ်နေ့မှာတော့ စုပေက Mr.ချင်ထံမှ black credit card တစ်ကဒ် ရရှိခဲ့တယ်။ Mr.ချင်ရဲ့ လက်ထဲကကဒ်က အပိုဆောင်းကဒ်ဖြစ်တယ်။ အပိုဆောင်းကဒ်နှင့် အဓိကကဒ် နှစ်ခုစလုံးမှာ တူညီတဲ့ ကန့်သတ်ချက်ရှိတယ်, ဆိုလိုချင်တာက စုပေရဲ့ ကဒ်သုံးစွဲမှုကန့်သတ်ချက်က Mr.ချင်နှင့် အတူတူပင်ဖြစ်ပြီး ဒီ့ထက်ပိုမြင့်တဲ့ ကန့်သတ်ချက်မျိုးမရှိလေဘူး။

ချင်ရှောက်က ဒီအကြောင်းကို စုပေအား မပြောလိုက်ဘဲ : "PIN နံပါတ်က သမီးရဲ့မွေးနေ့, ဝယ်ချင်တာဝယ်ဖို့ ဒါလေးကိုပွတ်ဆွဲလိုက်ရုံပဲ" လို့သာပြောလိုက်တယ်။

--သူ့သမီးလေးကိုချမ်းချမ်းသာသာနဲ့ပြုစုပျိုးထောင်ပေးရမယ်လေ။

လက်ထဲမှာ black card ကိုင်ထားသော စုပေ : "..."

သူမ တကယ်တမ်းလိုချင်ခဲ့တာက ပုံမှန်ငွေစုအကောင့်လေးတစ်ခုသာဖြစ်တယ်။ နောက်ပြီး သူမက အဲဒါကို အကြာကြီး လိုအပ်နေတာမဟုတ်လေဘူး။ သို့သော်လည်း PIN နံပါတ်က သူမနဲ့စုရှောင်ပေါင်တို့ရဲ့မွေးနေ့ ဖြစ်တယ်ဆိုတာကို သူမ ကြားလိုက်ရချိန်မှာတော့ စုပေရဲ့မျက်ဝန်းတွေ တောက်ပသွားခဲ့ပြီး အဆိုပါကဒ်ကို လက်ဆောင်တစ်ခုလိုမျိုး သူမ သိမ်းဆည်းလိုက်တော့တယ်။

-----

ဥက္ကဌလေးလင်းထံမှ လုပ်အားခတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ယွမ် ၂၀၀၀ ကိုလက်ခံရရှိပြီးတဲ့နောက် စုပေက တုန့်ဝိန်ချီနှင့်အတူ သူမ ဝယ်ယူချင်တဲ့လက်ဆောင်ကို ဆွေးနွေးခဲ့ကြတယ်။

စုပေ : "အဖေတွေအတွက် သင့်တော်တဲ့လက်ဆောင်က ဘာဖြစ်မယ်လို့နင်ထင်လဲ?"

တုန့်ဝိန်ချီ : "နင်ကနင့်အဖေအတွက် လက်ဆောင်ဝယ်ပေးချင်လို့လား? အဖေများနေ့မို့လို့လား? မဟုတ်သေးပါဘူး, သေချာပေါက်မွေးနေ့လက်ဆောင်ပဲဖြစ်ရမယ်"

စုပေ : "တစ်ခုမှမဟုတ်ဘူး။ ငါဒီတိုင်းငွေနည်းနည်းပါးပါးရထားတာရှိလို့, သိပ်အများကြီးတော့မဟုတ်ပါဘူး, အဲဒါ ငါ့အဖေရယ်၊ တစ်ခြားသူတွေရယ်ကို လက်ဆောင်သေးသေးလေး ဝယ်ပေးချင်လို့လေ။ ဘတ်ဂျက်ကတော့ ယွမ် ၂၀၀၀ ပေါ့, အဲဒါနင်တစ်ခုခုအကြံပေးချင်တာမျိုးရှိလား?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now