Chapter 68

10.8K 1.9K 90
                                    

MWFV Ch 68

Gossip

Zawgyi Version

သူ နောက်ဆုံးတော့ စုပေနဲ့ စုရှောင်ပေါင်တို့ကို ရွေးချယ်ခွင့်‌ရခဲ့သည့်တိုင် Mr.ချင်က တိတ်တိတ်လေး စိုးရိမ်ပူပန်နေရပေမဲ့ သူ့ကလေးတွေရဲ့အမြင်ကို အလေးထားရန် ဆုံးဖြတ်မိဆဲပင်ဖြစ်တယ်။ စုပေတစ်ယောက် ခေါင်းကိုငုံ့ထားပြီး နှုတ်ခမ်းကိုကိုက်ကာ တိတ်ဆိတ်နေတာကို မြင်လိုက်ရတဲ့အခါ Mr.ချင်က မျက်မှောင်နည်းနည်းကြုတ်သွားခဲ့တယ် : ကလေးတွေက ၎င်းတို့၏မိခင်အပေါ် သဘာဝအလျောက် ချစ်ခင်တွယ်တာမှုရှိကြတယ်ဆိုတဲ့ အကြောင်းအရာမြောက်များစွာကို သူ အင်တာနက်ပေါ်မှာ ဖတ်ရှုထားခဲ့ပြီးဖြစ်တယ်။ ဒီကိစ္စက စုပေအတွက်လည်း ဒီလိုပဲလား?

ဘီလျံများစွာတန်တဲ့ စီမံကိန်းကြီးများနှင့်ပတ်သတ်၍ ဆုံးဖြတ်ချက်ချရာမှာ မျက်တောင်တစ်ချက်ခတ်ဖို့ရန်တောင် ခဲယဉ်းလှသော Mr.ချင်က ယခု‌လောလောဆယ် သူ့ကလေးတွေနဲ့ ရင်ဆိုင်တွေ့ရချိန်မှာ ပထမဆုံးအကြိမ်အဖြစ် မဝံ့မရဲဖြစ်နေလေတယ်။

နောက်ဆုံးတော့ Mr.ချင်က မေးလိုက်တယ်။ "ဆုံးဖြတ်ရခက်နေလို့လား?"

"မဟုတ်ပါဘူး" စုပေက ပြတ်ပြတ်သားသားကို ခေါင်းခါပြလိုက်တယ်။ ချင်ရှောက်က သူတို့ကို စုမိန်က ခုထိ သက်ရှိထင်ရှားရှိနေဆဲပဲဆိုတာကို ပြောပြလိုက်ချိန်မှာ သူမစိတ်ထဲမှာ ဝတ္ထုရဲ့ဇာတ်‌ကြောင်းကြောင့် အာရုံထွေပြားသွားရတာမို့လို့ သူမ ဒီတိုင်း အံ့ဩသွားမိရုံသက်သက်ပင်။ သူမရဲ့ရွေးချယ်မှုဆိုရင်တော့ စုပေက စဉ်းစားနေစရာတောင်မလိုပေ။

စုပေက ချင်ရှောက်ကို မော့ကြည့်ပြီး ပြတ်ပြတ်သားသားပြောချလိုက်တယ်။ "ဖေဖေပြောသလိုသာဆိုရင်။ Ms.စုက သူ့မှာ ကိုယ်ပိုင်မိသားစုရှိနေပြီးသားဖြစ်တဲ့အပြင် သမီးတို့မှာလည်း သမီးတို့ကိုယ်ပိုင်အိမ်ရှိတာပဲလေ။ စုရှောင်ပေါင်နဲ့ သမီးက သူ့ဘဝကို ထပ်ပြီးနှောင့်ယှက်စရာအကြောင်းမရှိတော့ပါဘူး"

ဝတ္ထုထဲ‌ရော အိပ်မက်ထဲမှာပါ စုမိန်နဲ့ သူတို့တစ်ခါမှမဆုံဖြစ်ခဲ့ဖူးဘူး။ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ တကယ့်လက်တွေ့ဘဝမှာလည်း ဆုံတွေ့စရာအ‌ကြောင်းမရှိတော့ဘူးပေါ့။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now