Chapter 75

10.9K 1.9K 87
                                    


MWFV Ch 75

Good Teaching

Zawgyi Version

Mr.ချင့်ကို [ဝက်မွေးမြူရေးသမား] တီရှပ်ဝတ်ထားတာကိုမြင်ချင်တဲ့ စုပေရဲ့ဆန္ဒလေး ပြည့်ဝသွားခဲ့တယ်။ သန့်စင်ခန်းထဲမှာ အဝတ်သွားလဲပြီးတဲ့နောက် စု‌ပေတစ်ယောက် အပြင်ဘက်မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီး တောက်ပရွှန်းလဲ့တဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတာကို Mr.ချင်တွေ့လိုက်ရတယ်။ Mr.ချင်က စုပေရဲ့မျက်နှာပေါ်က 'ငါလုပ်နိုင်ခဲ့ပြီကွ!' ဆိုတဲ့မျက်နှာထားကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူ့သမီးလေးထံ တည်ငြိမ်စွာ ပြောလိုက်တယ်။ "သွားကြစို့"

"ဟုတ်ကဲ့" စုပေရဲ့အပြုံးက မပျက်ပြယ်သွားခဲ့ဘူး။ သူမ Mr.ချင့်ဆီပြေးသွားပြီး စောစောက Mr.ချင်ဝတ်ထားခဲ့တဲ့အဝတ်‌တွေကို အတော်လေး ဂရုတစိုက်နဲ့ လှမ်းယူလိုက်တယ်။

အဖေနဲ့သမီးက ဘေးချင်းကပ်လျှောက်နေကြပြီး စုပေက ကူကယ်ရာမဲ့စွာနဲ့ဘဲ ချင်ရှောက်ကို ဖျတ်ခနဲကြည့်လိုက်မိတယ်။

"ဖေဖေ"

"Hmm?"

"ဖေဖေက ဒီအင်္ကျီနဲ့အရမ်းကြည့်ကောင်းတယ်လို့ သမီးထင်တယ်" စုပေက ခေါင်းမော့ပြီး အကောင်းမြင်ဖော်လံဖာလေးတစ်ယောက်လို တကယ့်စိတ်ရင်းအမှန်အတိုင်း ချီးကျူးလိုက်တယ်။

သူမ ဒါကိုပြောရတဲ့အဓိကအကြောင်းရင်းကတော့ Mr.ချင်က ဒီတီရှပ်ကိုမကြိုက်လောက်မှာကို သူမ စိုးရိမ်နေမိတာကြောင့်ပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒါက တကယ်တမ်းတော့ သူ့ပေါ်မှာ အတော်လေး ကြည့်ကောင်းလှတယ်။ တီရှပ်ဒီဇိုင်းက အတော်ရိုးရှင်းပြီး Mr.ချင်ရဲ့အသွင်အပြင်နဲ့ လိုက်ဖက်ညီလှတယ်။ ညာဘက်ရင်ဘတ်ပေါ်မှာ ရိုက်နှိပ်ထားတဲ့စာတန်းကြောင့် သူက ရိုးစင်းတဲ့ လယ်ယာလုပ်သားတစ်ယောက်ပုံပေါက်နေခဲ့တယ်။

ဒါကိုကြားလိုက်ရတော့ Mr.ချင်က တိတ်တိတ်လေး ပြုံးလိုက်တယ်။ သူစကားတစ်ခွန်းမှပြန်မ‌ပြောဘူးဆို‌သော်ငြားလည်း သူ့ပုံစံက‌နေ သူ့စိတ်အခြေအနေကောင်းနေတယ်ဆိုတာကို ပြောရန်မခက်လှချေ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now