Chapter 74

10.6K 1.9K 108
                                    

MWFV Ch 74

Pig Breeder Goes Online

Zawgyi Version

သူမရဲ့ပထမဆုံးကျောင်းလေ့လာရေးခရီးစဉ်က တောင်တက်ခြင်းနဲ့ တိုက်ရိုက်ကြီး စတင်ရလိမ့်မယ်လို့ စုပေထင်မထားခဲ့မိဘူး။

"ဒီနေရာကနေစပြီး မိဘများနဲ့ ကျောင်းသားများအနေနဲ့ တောင်ထိပ်က စခန်းချရာ‌နေရာကို လမ်းလျှောက်တက်ကြရမှာဖြစ်ပါတယ်။ မတိုးကြိတ်ကြပါနဲ့၊ မတွန်းထိုးကြပါနဲ့..." တာဝန်ကျဆရာက ညွှန်ကြားချက်တွေ ကြေညာလိုက်တယ်။

ချက်ချင်းဆိုသလို ပတ်ပတ်လည်မှာ ကျယ်လောင်တဲ့ဆူညံသံတွေ ထွက်ပေါ်လာခဲ့တယ်။ တစ်ချို့က အားပေးကြွေးကြော်နေကြပြီး တစ်ချို့ကတော့ တအီအီမြည်တမ်းနေကြတယ်။ ဝန်အကျယ်ဆုံး ခရီးဆောင်အိတ်ကြီးတွေကို ကေဘယ်လ်ကားဖြင့် သယ်ဆောင်သွားမှာဖြစ်တာကြောင့် ကျောင်းသားများအ‌နေနဲ့ ၎င်းတို့၏ကျောပိုးအိတ်ကိုသာ တောင်ပေါ်သို့ သယ်ဆောင်သွားရန်လိုအပ်တာဖြစ်တယ်။ ဤကဲ့သို့တောင်တက်ခြင်းမျိုးက အတော်လေးကို ပေါ့ပေါ့ပါးပါးဖြစ်လှတယ်။

ပထမတော့ စုပေက အရမ်းမြန်မြန်ကြီးကိုလျှောက်‌နေတာဖြစ်တယ်။ သူတို့ တောင်ပေါ်ခရီး လမ်းခုလတ်ရောက်တဲ့အချိန်မှာ သူမ စတင်ပင်ပန်းလာခဲ့ပြီး တဖြည်းဖြည်းနှေးကွေးလာခဲ့တယ်။

"ဘုရား‌ရေ, ငါတို့လမ်းတစ်ဝက်ပဲရှိ‌သေးတယ်ဟ!"

"ငါထပ်မလျှောက်နိုင်တော့ဘူး"

စုပေတစ်ယောက် မနီးမဝေးက ကောင်မလေးနှစ်ယောက်စကားပြောနေတာကိုကြားပြီး တိတ်တိတ်လေး တွေးလိုက်တယ် : ငါရောပဲ။

ကနဦးတုန်းက စုပေသယ်လာခဲ့တဲ့ ကျောင်းလွယ်အိတ်နဲ့ရေဘူးက အခုချိန်မှာ‌‌ စုရှောင်ပေါင်ရဲ့ကိုယ်ပေါ် ရောက်သွားပြီဖြစ်တယ်။ အမွှာနှစ်‌ယောက်က တောင်ပေါ်ကိုဆက်တက်ခဲ့ကြတယ်။ စုရှောင်ပေါင်က ရှေ့က‌နေ မှန်မှန်‌လေးလျှောက်နေချိန်မှာ စုပေက စုရှောင်ပေါင်ရဲ့တီရှပ်အနားကွပ်ကို လက်နှစ်ဖက်နဲ့ကိုင်ထားရင်း အနောက်ကနေလိုက်ကာ ကောင်လေးရှေ့ဆွဲခေါ်ရာနောက် တရွတ်တိုက်ပါလာရတော့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now