Chapter 86

10K 1.8K 67
                                    


MWFV Ch 86

My Little Princess

Zawgyi Version

မီးရှူးမီးပန်းတွေကို အပြင်ကကြည့်တာက ပြတင်းပေါက်ကနေကြည့်ရတာထက် အများကြီးပိုလှတယ်။ ကြီးမားတဲ့မီးရှူးမီးပန်းပြပွဲက စုပေရဲ့အမြင်အာရုံတစ်ခုလုံးအား ဖုံးလွှမ်းထားတဲ့ပုံပေါက်နေခဲ့တယ်။ သူမရဲ့မျက်နှာပေါ်ရံဖန်ရံခါကျလာတတ်တဲ့ အမြင်အားဖြင့် လုံးဝတည်ရှိမနေတဲ့ မီးခိုးနံ့နဲ့ ပြာတွေကတောင်မှ စုပေအား အလွန်‌အမင်းပျော်ရွှင်စေတယ်။

စုပေ ရုတ်တရက်ကြီး သူတို့ Mr.ချင့်ကိုရှာတွေ့သွားခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်နေမိတယ်။ သေချာတာပေါ့, Mr.ချင်က ဒီလိုဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် သူမ ဝမ်းသာရတာလည်းပါတာပေါ့လေ။ ဒီအတွေးတွေနဲ့ပဲ စုပေရဲ့လက်က Mr.ချင်ရဲ့လက်မောင်းကို တဖန် တင်းကျပ်နေအောင် ဆုပ်ကိုင်ထားခဲ့တဲ့အပြင် သူမရဲ့ဖေဖေထံ ခေါင်းမော့ကာ ချိုသာစွာပြုံးပြလိုက်တယ်။

စုပေရဲ့အကြည့်ကို သူခံစားမိသလိုမျိုး Mr.ချင်ကလည်း တစ်ချိန်တည်းမှာပဲ ငုံ့ကြည့်လာခဲ့တယ်-မီးရှူးမီးပန်းတွေရဲ့အလင်းရောင်က စုပေရဲ့မျက်နှာပေါ်ကျရောက်နေပြီး သူမမျက်နှာပေါ်ကအပြုံးကို ပိုမိုတောက်ပသွားစေခဲ့တယ်။

Mr.ချင် စုပေထံ အသာအယာပြန်ပြုံးပြလိုက်တယ်။ ထို့နောက် သူ့သမီးဘေးက အလွန်စိတ်လှုပ်ရှားနေတာ သိသာနေပေမဲ့ တည်ငြိမ်ချင်ယောင်ဆောင်နေတဲ့ကောင်လေးကို သူလှမ်းကြည့်လိုက်တယ်။ Mr.ချင် ခပ်ဟဟရယ်လိုက်မိတယ် : သမီးတစ်ယောက်နဲ့ သားတစ်ယောက်ရှိတာက တကယ့်ကို 'ကောင်းတယ်' ဆိုတဲ့ စရိုက်လက္ခဏာကို ဖြစ်ပေါ်စေတာပဲ။

[T/N : ဒီနေရာမှာ (好, ဟောင်) 'ကောင်းသော' ဆိုတဲ့စာလုံးကို 'အမျိုးသမီး' (သမီး) နဲ့ 'ကလေး' (သား) ဆိုတဲ့ ဆန်းသစ်တဲ့စကားလုံးနှစ်လုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စကားလိမ်သုံးထားတဲ့သဘောမျိုးပါပဲ]

---

မီးရှူးမီးပန်းတွေပြီးဆုံးသွားတဲ့‌နောက် မိသားစုသုံးယောက်သား အိမ်ထဲပြန်ဝင်လာခဲ့ကြတယ်။ သူတို့က တီဗီကိုဖွင့်ပြီး ၎င်းတို့ရဲ့မိုဘိုင်းဖုန်းတွေကို ယူလာခဲ့ကြတယ်။ အမွှာနှစ်ယောက်က သူတို့ရဲ့ WeChat message တွေကို စစ်ဆေးနေကြစဉ်မှာ Mr.ချင်က အမျိုးမျိုးသော နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွေကို ပြန်လည်ဖြေကြားပေးရင်း အလုပ်များနေလေတယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now