Chapter 28

13.7K 1.9K 63
                                    

MWFV Ch 28

Darling

Zawgyi Version

ဒါလင်...

နင့်အစ်မ။

[T/N : Your sister - ရိုင်းစိုင်းတဲ့ဗန်းစကားတစ်မျိုးဖြစ်ပြီး 'နင့်မေ' လိုမျိုး ပုံမှန်မဟုတ်တဲ့ ဆဲရေးတိုင်းထွာခြင်းကို ဆိုလိုချင်တာပါ]

သူမဖုန်းပေါ်မှာပေါ်လာတဲ့ message အသစ်ကိုကြည့်ရင်း စုပေရဲ့မျက်လုံးတွေက ဆတ်ကနဲတွန့်သွားခဲ့တယ်။ ဆရာကြီးတစ်ယောက်ရဲ့ အေးစက်မှုနှင့် ဘဝင်မြင့်မှုတွေက ဘာတွေလဲ? ကြီးမြတ်တဲ့နတ်ဘုရားတစ်ပါးရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အရှိန်အဝါကရော ဘာတွေပါလိမ့်?

အကယ်၍များ သူမက တစ်ဖက်လူကို add friend မလုပ်ထားခဲ့ဘူးဆိုရင် စုပေက ဒီအသိုင်းအဝိုင်းမှာ 'နတ်ဘုရားဝေ' လို့ လူသိများသူတစ်ယောက်ဖြစ်တဲ့ 'Red Hacker Challenge' မှ အဆင့်သုံးချိတ်ထားခဲ့တဲ့ ဆရာကြီးတစ်ယောက်ဖြစ်တဲ့သူက တကယ်တမ်းတော့ ကွယ်ရာမှာ အပြောင်အပျက်လုပ်ရတာကို ကြိုက်နှစ်သက်တဲ့ ရူးကြောင်ကြောင်လူပြက်တစ်ယောက်ဖြစ်တယ်ဆိုတာကို သူမ တကယ်ကြီး မခန့်မှန်းနိုင်လောက်ဘူး။

ဟုတ်တာပေါ့, စုပေထံ message ပို့တဲ့သူက 'Red Hacker Challenge' မှ [vvvv] ဆိုသူဖြစ်တယ်။

အစတုန်းက [vvvv] ဆိုသူက စုပေထံ friend request တစ်ခုပေးပို့ခဲ့ချိန်မှာ သူမငြင်းပယ်ခဲ့တယ်။ အစကတော့ တစ်ဖက်လူက ကြီးမြတ်တဲ့နတ်ဘုရားတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ အငြင်းခံရပြီးနောက် သူမကို သိပ်ပြီးဂရုစိုက်မနေလောက်ဘူးလို့ ထင်လိုက်မိတာ။ မမျှော်လင့်ပဲ နောက်ရက်မှာ [vvvv] က သူမထံ နောက်ထပ် request တစ်ခုပေးပို့လာခဲ့ပြန်တယ်။

စုပေက ဆက်တိုက်ငြင်းလေလေ တစ်ဖက်လူက နောက်ထပ် friend request များစွာကို ဆက်တိုက်ပေးပို့လေပဲ။ အနည်းဆုံးတစ်ဒါဇင်ထက်မကတဲ့ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီး ဖြစ်သွားပြီးနောက် [vvvv] က နောက်ဆုံးတော့ သူ့ရဲ့ friend request မှာ မှတ်စုလေးတစ်ခုကို ထည့်သွင်းလိုက်ရတော့တယ် : "ကျေးဇူးပြုပြီးတော့ ငါ့ကို add ပေးပါ (တောင်းပန်တိုးရှိုးနေသော သနားစရာမျက်နှာငယ်လေး)"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now