Chapter 38

12.3K 1.8K 67
                                    

MWFV Ch 38

Drank

Zawgyi Version

"မင်းသူ့ကိုတိုက်လိုက်တာလား?" Mr.ချင်က လေသံမာမာဖြင့်မေးလိုက်တယ်။

သူ့သမီးအကြောင်းကိုတော့ ချင်ရှောက်ကောင်းကောင်းသိတယ်- စုပေက တစ်ခါတစ်လေ သူ့ကို ခေါင်းကိုက်အောင် လုပ်သော်ငြား အပြင်မှာ သူမတစ်ယောက်တည်း တစ်စုံတစ်ရာကို အလွန်အကျူး လုပ်ပြီးတော့ ဒီလောက် အထိန်းအကွပ်မဲ့တာမျိုး ဖြစ်မှာမဟုတ်ဘူး။

Mr.ချင်ရဲ့ဒေါသနဲ့ရင်ဆိုင်လိုက်ရတော့ လင်းရှောက်ချီလည်း ကြက်သေသေနေခဲ့တဲ့အပြင် ကြည့်ရတာတော့ ဒီကိစ္စက စောစောက သူတွေးထားသလိုမျိုး မရိုးရှင်းတော့ဘူးဆိုတာကိုပါ သဘောပေါက်သွားခဲ့တယ်။ သူက အဲဒီအချိန်တုန်းက ပန်းခြံနားမှာတာဝန်ကျနေတဲ့ စားပွဲထိုးမြောက်များစွာကို မြန်မြန်ဆန်ဆန်ရှာဖွေလိုက်ပြီး သူ စုပေနှင့်မတွေ့ခင် အချိန်ဝန်းကျင်လောက်တုန်းက စောင့်ကြည့်ကင်မရာ၏မှတ်တမ်းကိုပါ ဆွဲထုတ်လိုက်တယ်။

မှတ်တမ်းထဲမှာတော့ စုပေက ပန်းခြံသို့ထွက်လာခဲ့ပြီးတော့ ထိုင်စရာနေရာတစ်ခုကို ရှာဖွေနေခဲ့တယ်။ ထို့နောက် သူမက မထွက်သွားသေးတဲ့အပြင် အလယ်မှာလည်း ဘာထူးခြားမှုမှမဖြစ်ပေါ်ခဲ့ဘူး။ စားပွဲထိုးမလေး တစ်ယောက်က ပန်းခြံထဲမှာဧည့်သည်တစ်ယောက်ရှိနေတာကို သတိပြုမိသွားခဲ့တယ်, နောက်ပြီး ဖန်ခွက်ကလည်း အလွတ်ဖြစ်နေတာကြောင့် သူမကပဲ စုပေရဲ့ခွက်ထဲကို ပြန်ဖြည့်ပေးရန် စတင်လုပ်ဆောင်ခဲ့တယ်။

သို့သော်, အဲဒီအချိန်တုန်းက ပန်းခြံထဲမှမီးရောင်တွေကလည်း အတော်လေးမှိန်နေတာကြောင့် စားပွဲထိုးမလေးက စောစောက စုပေရဲ့ခွက်ထဲမှာ ပန်းသီးဖျော်ရည်ရှိနေတာကို သတိမထားမိခဲ့တာကြောင့် အဲဒါနှင့်အရောင်ဆင်တူတဲ့ ရှန်ပိန်ကို ဖြည့်ပေးခဲ့တယ်။

နောက်ပိုင်းကတော့ တိတိကျကျကြီးကို လင်းရှောက်ချီမြင်တွေ့ခဲ့ရသည့်အတိုင်းပင် : စုပေက စိတ်အားထက်သန်ပြီး တက်ကြွစွာဖြင့် ရှန်ပိန်ခွက်ကို သောက်ချပစ်လိုက်တာပင်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now