Chapter 73

10.8K 1.9K 92
                                    


MWFV Ch 73

Siblings Pair T-Shirt

Zawgyi Version

စုပေရဲ့ဂရုမစိုက်မှုကြောင့် Mr.ချင်က တိတ်တိတ်လေး ဝမ်းနည်းသွားခဲ့ရတယ်။ သို့ပေသိ သူ အဲဒါကို နောက်တစ်ကြိမ်ထပ်မပြောတော့တာ‌ကြောင့် ဒီဖြစ်ရပ်က ပြီးဆုံးသွားခဲ့တယ်။ သို့သော် နှစ်ရက်အတွင်းမှာတင် သူ့ကိုဒီထက်ပိုပြီး စိတ်တိုအောင်လုပ်မယ့်အရာ နောက်တစ်ခုကို တွေ့ရှိသွားရတော့တယ်။

-----

ဒီစနေနေ့မှာ 'Red Hacker Challenge' ပြိုင်ပွဲမရှိပေ။ ထိုအားလပ်ချိန်ကို အခွင့်ကောင်းယူပြီး စုပေက စုရှောင်ပေါင်ရဲ့အဝတ်တွေလျှော်ပေးဖို့ သူ့အခန်းကိုသွားခဲ့တယ်။ အတိအကျဆိုရင်တော့ သူမက သူဝတ်ပြီးသားအတွင်းခံနဲ့ ခြေအိတ်တွေကို လျှော်ပေးမလို့ပင်။

ကျင်းယွမ်မှာက အတူနေထိုင်တဲ့အိမ်စေမရှိ‌ဘူး။ သူတို့ရဲ့အဝတ်တွေကို ပုံမှန်အားဖြင့် ဦးလေးဖုစီစဉ်ပေးတဲ့သူတွေကပဲ လျှော်ဖွတ်ပေးလေ့ရှိတာဖြစ်တယ်။ သို့ပေသိ အတွင်းခံနဲ့ ခြေအိတ်တွေလိုမျိုး အရာ‌တွေကိုတော့ များသောအားဖြင့် စုပေက သူမကိုယ်တိုင်သာ လျှော်ဖွတ်‌နေဆဲပဲဖြစ်တယ်။

စုရှောင်ပေါင်ရဲ့လျှော်ရမယ့်အဝတ်တွေကို ကောက်ဖို့ဆိုတာကလည်း လွယ်တာတော့မဟုတ်ဘူး။ ယောက်ျားလေးနဲ့ မိန်းကလေးက တူမှမတူကြတာ။ မိန်းကလေးတွေက ပုံမှန်အားဖြင့် ပစ္စည်းတွေကို သန့်ရှင်းသပ်ရပ်နေအောင် ထိန်းသိမ်းလေ့ရှိကြချိန်မှာ ယောက်ျားလေးတွေကတော့ သူတို့ရဲ့အဝတ်တွေကို နေရာအနှံ့ လျှောက်ပစ်ရတာကို စနိုးစနောင့်လေးတောင်ဖြစ်မနေကြဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ စုပေက စုရှောင်ပေါင်ကို ကောင်းကောင်းကြီး သိနေခဲ့တဲ့အပြင် သူ့အခန်းရဲ့‌ထောင့်တိုင်း ထောင့်တိုင်းမှာ စုရှောင်ပေါင်လွှတ်ပစ်ထားတဲ့အဝတ်‌တွေအားလုံးကို တွေ့ရှိသွားခဲ့တယ်။

"ဒါက‌ရော? သန့်လား မသန့်ဘူးလား? လျှော်ရမှာလား မလျှော်ရဘူးလား?" စုပေက စုရှောင်ပေါင်ရဲ့ အဝတ်ဗီရိုထဲကနေ တွန့်ကြေနေတဲ့ အောက်ခံဘောင်းဘီတစ်ထည်ကိုထုတ်ပြီး မရေမရာမေးလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now