Chapter 37

12.3K 1.9K 38
                                    

MWFV Ch 37

Banquet

Zawgyi Version

ချင်ရှောက်က ဧည့်ခံပွဲတွေကို တက်ခဲတဲ့သူဖြစ်တာကြောင့် လူတွေက ချင် Group ရဲ့ ဥက္ကဌက လင်းမိသားစုရဲ့ဧည့်ခံပွဲကို တက်ရောက်မယ်ဆိုတဲ့အကြောင်း ကြားလိုက်ရတဲ့အချိန်မှာတော့ လူတိုင်းက အံ့သြသွားခဲ့ကြတယ်။ သူတို့ တိတ်တဆိတ် တွေးတောနေကြတာက : ဒီလိုကြီးမြတ်တဲ့ဗုဒ္ဓဘုရားလို လူမျိုးကိုတောင် လှုပ်ရှားအောင်လုပ်နိုင်တယ်ဆိုတော့ လင်းမိသားစုရဲ့မျက်နှာက ဘယ်လောက်တောင် ကြီးလိုက်သလဲ? ဒါ့အပြင် သူတို့အနေနဲ့ Mr.ချင်တစ်ယောက် အရင်က လူမြင်ကွင်းကို တစ်ခါမှထုတ်မပြခဲ့ဖူးတဲ့ သူ့ရဲ့အမွှာကလေးနှစ်ယောက်ကိုပါ ခေါ်လာမယ်လို့လည်း ကြားထားခဲ့ကြတာဖြစ်တယ်။

ဒီညက လင်းသခင်ကြီးရဲ့ မွေးနေ့ဧည့်ခံပွဲဖြစ်သော်ငြား ချင်ရှောက်၏ပေါ်ထွက်လာမှုက လူတိုင်းလူတိုင်းရဲ့ အဓိကအာရုံစိုက်စရာတစ်ခု ဖြစ်လာခဲ့တယ်။ ချင်ရှောက်က စုပေနှင့်စုရှောင်ပေါင်တို့ကို ခေါ်လာပြီးတော့ လင်းမိသားစုစံအိမ်၏ ဒုတိယထပ်ရှိ guest area သို့ ခေါ်ဆောင်လာခဲ့တယ်။ လုံလောက်တဲ့အဆင့်အတန်း မရှိသူတွေက ဒုတိယထပ်သို့ သွားရောက်ခွင့်မရှိပေ။ သို့သိတိုင်အောင် တော်တော်များများက Mr.ချင်နှင့် စကားစမြည်ပြောဆိုခွင့်ရရန်အတွက် အခွင့်အရေးတစ်ခုကို ရှာဖွေနေကြတာဖြစ်တယ်။

ဒီလူတွေထဲမှာမှ ချင်ရှောက်က အရေးကြီးတဲ့လူတစ်ချို့ကိုရွေးချယ်ကာ သူ့ဘေးမှာရပ်နေတဲ့ စုပေနှင့် စုရှောင်ပေါင်တို့နှင့် မိတ်ဆက်ပေးခဲ့တယ်။ ဥပမာအနေနဲ့ အခုချိန်မှာဆိုရင် Mr.ချင်က သူတို့ထံ လာရောက်နှုတ်ဆက်သူအား ညွှန်ပြပြီးပြောလိုက်တာက, "ဒီလူက ယွမ်ဟန် Group ရဲ့ ဥက္ကဌလေ"

Mr.ချင်က သူ့စကားကိုခဏရပ်လိုက်ပြီး တစ်ဖက်လူကို ဖျတ်ခနဲကြည့်လိုက်တယ်။

ယွမ်ဟန် Group ၏ ဥက္ကဌဖြစ်သူမှ ချက်ချင်းပြောလိုက်တာကတော့, "ကျွန်တော့်မျိုးရိုးက ကျိုး, နာမည်ကတော့ ကျိုးပီပါ"

Mr.ချင်က ခေါင်းငြိမ့်လိုက်ပြီးတော့ အမွှာနှစ်ယောက်ထံ ပြောလိုက်တာက, "ဒါက ဥက္ကဌ ကျိုး"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now