Chapter 8

12.3K 1.9K 67
                                    

MWFV Ch 8

Even A Vicious Tiger Will Not Eat Its Cubs

Zawgyi Version

ဧည့်ခန်းထဲရှိလေထုက ရုတ်တရက်တင်းကျပ်လာတယ်။

ချန်တဲ့က စကားတစ်လုံးတောင်မှ မပြောနိုင်တော့ဘူး။ Mr.ချင်ရဲ့နောက်လိုက်လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ချန်တဲ့အနေနဲ့ သူ့အလုပ်ကိုသူ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာတော့ သူပြောနိုင်တယ်။ ဒါပေမယ့် သူအရမ်းကျွမ်းကျင်တဲ့ အရာတစ်ခုကတော့ - Mr.ချင်ရဲ့မျက်နှာအမူအရာကို ဖတ်ခြင်းပါပဲ။

ဥပမာပြောရရင် အခုချိန်မှာ သူဌေးရဲ့မျက်နှာက တည်ငြိမ်နေပေမယ့် သူ့စိတ်အခြေအနေကတော့ လုံးဝမကောင်းနေဘူး။

ချန်တဲ့က စုပေရှိတဲ့ဖက်ကို တစ်ချက်ကြည့်ကာ တိတ်တိတ်လေး စိုးရိမ်နေတော့တယ်။ ဒီကလေးတွေက ဘယ်နေရာကလာလဲဆိုတာရယ် နောက်ပြီး Mr.ချင်က သူတို့ရဲ့အဖေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုစေချင်တဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေက အရမ်းသံသယဖြစ်စရာကောင်းလွန်းတယ်။ ဒါပေမယ့်လည်း သူတို့နဲ့ အနည်းငယ်စကားပြောဆိုကြည့်လိုက်တဲ့အခါ ချန်တဲ့က စုပေနဲ့စုရှောင်ပေါင်အပေါ်ကို မကောင်းတဲ့ခံစားချက်တွေမရှိတော့ဘူး။

ဒီကောင်မလေးရဲ့ ဦးနှောက်မှာအပေါက်ဖြစ်နေသလား ဒါမှမဟုတ် IQ တစ်ချို့များ လွတ်နေသလား ဆိုတာတော့ သူမသိတော့ဘူး။ သူမက သူဌေးရဲ့အိမ်လိပ်စာကိုတောင် ရှာနိုင်မှတော့ Mr.ချင်နဲ့ ပတ်သတ်တဲ့ တစ်ခြားသူတွေအကြောင်းကိုလည်း သူမဖော်ထုတ်နိုင်လောက်မလား? Mr.ချင်ကို ဒီလိုမျိုးစိန်ခေါ်ရဲတဲ့နောက်ဆုံးလူတွေကတော့ သူတို့ရဲ့အုတ်ဂူပေါ်က မြက်ပင်တွေတောင် နှစ်မီတာလောက်ရှည်နေလောက်ပြီလေ။

သို့ပေမယ့်လည်း စုပေရဲ့မျက်လုံးတွေကိုကြည့်နေရင်းက သူ့ဘာသူပဲ ထင်ယောင်ထင်မှားဖြစ်တာပဲလား ဆိုတာတောင် သူမသိတော့ဘူး - ချန်တဲ့ တချိန်လုံးခံစားမိနေတာက ဒီမျက်လုံးတွေက Mr.ချင်ရဲ့မျက်လုံးတွေနဲ့ တော်တော်လေးဆင်တူတယ် ဆိုတာကိုပဲ။ မျက်လုံးတွေတင်မကဘူး သူတို့ရဲ့အမူအရာတွေကအစ တူနေတာ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now