Chapter 7

11.7K 1.8K 19
                                    

MWFV Ch 7

Call Him Dad

Zawgyi Version

ချန်တဲ့က ချင်ရှောက်ရဲ့လက်ထောက်ဖြစ်တယ်။ သူက ချင် Group မတည်ထောင်ခင်ကတည်းက Mr.ချင် ဆီမှာ အလုပ်လုပ်နေခဲ့တာ။ သူက ချင်ရှောက်ကိုယ်စား ကိစ္စတော်တော်များများကိုပါ ကိုင်တွယ်ဖြေရှင်းပေးရတယ်။ သို့ပေမယ့် ချန်တဲ့အနေနဲ့ တစ်နေ့မှာ သူက ရဲစခန်းကနေ Mr.ချင်ထံသို့ ဖုန်းခေါ်ဆိုမှုကို တကယ်ကြီး လက်ခံရရှိလိမ့်မယ်လို့ မထင်ထားမိလေဘူး။ ဒါ့အပြင် Mr.ချင် ရဲ့​ေသြးသားတော်တယ်ဆိုတဲ့ ကလေးနှစ်ယောက်ကို လာခေါ်လှည့်ပါဆိုပြီးတော့ပြောလာသေးတယ်။

-----

ချင် Group, အပေါ်ဆုံးအထပ်ရှိ ဧည့်ခန်း။

ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကလေးနှစ်ယောက်ကိုကြည့်ရင်း ချန်တဲ့စိတ်ထဲမှာ ထူးဆန်းလာရတယ်။ သူ Mr.ချင် နောက်လိုက်လာတာ ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ထက်မနည်း ရှိနေပြီ။ အဲဒီအချိန်မတိုင်ခင်က ကိစ္စတွေကို ထားလိုက်ဦး ဒီဆယ့်ခုနှစ်နှစ်အတောအတွင်းမှာတော့ Mr.ချင် အနားမှာ မိန်းမတစ်ယောက်မှ မရှိခဲ့ဖူးဘူး။

ဒီကလေးတွေက ဘယ်နေရာကရောကျလာကွတာတုန်း?

"Mr.ချင်ကအစည်းအဝေးလုပ်နေတုန်းမို့လို့ ခဏနရေင်တော့ သူမင်းတို့နဲ့တွေ့ဖို့ အချိန်ပေးနိုင်မှာပါ" သူ့မျက်လုံးထဲက သံသယတွေကို ဖုံးကွယ်ထားရငျး ချန်တဲ့က မောင်နှမနှစ်ယောက်ကို ပြောလိုက်တယ်။

စုပေကယဉ်ကျေးစွာနဲ့ခေါင်းငြိမ့်ပြလိုက်တယ်။

"မင်းတို့....."

သူက ဒီကလေးနှစ်ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်တွေရယ် သူတို့ဘယ်လိုရောက်လာကွသလဲ ဆိုတာတွေအတွက် သံသယေပါင္းသောင်းခြောက်ထောင်ရွိေနေပမယ့္လည္း သူတို့ရဲ့ထက်မြက်တဲ့ပုံစံလေးကို သူကြည့်မိလိုက်တော့ ချန်တဲ့ရဲ့နှလုံးသားလေးဟာလည်း ပျော့ပြောင်းသွားရတော့တယ်။

"မင်းတို့ရေသောက်ချင်လား?" ချန်တဲ့က ရေသန့်ဘူးနှစ်ဘူးယူလိုက်ပြီး စုပေနဲ့စုရှောင်ပေါင်ရှေ့က ကော်ဖီစားပွဲပေါ်တင်လိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}On viuen les histories. Descobreix ara