Chapter 17.2

13.6K 1.9K 85
                                    

MWFV Ch 17

Father

Zawgyi Version

"မင်းတို့ S မြို့ကို တကယ်မသွားကြတော့ဘူးလား?" မသွားခင်လေးမှာ ချန်တဲ့က လက်မခံနိုင်တဲ့ပုံမျိုးနဲ့ စုပေနှင့်စုရှောင်ပေါင်တို့ကို နောက်တစ်ကြိမ်ထပ်မေးလိုက်တယ်။

စုရှောင်ပေါင်က စိတ်မဝင်စားသလိုကြည့်နေချိန်မှာပဲ စုပေက နောက်တစ်ကြိမ်ခေါင်းခါပြလိုက်ပြန်တယ်။ ပထမအချက် သူမက ချင်ရှောက်ရဲ့မျက်လုံးတွေကို ရှောင်ရှားချင်တာဖြစ်တယ်။ ဒုတိယအချက်ကတော့ အားလပ်ရက်ဖြစ်တာကြောင့် စုပေက အိမ်မှာနေပြီး ကျောင်းဖျော်ဖြေရေးအနုပညာပွဲတော်အတွက် လေ့ကျင့်ချင်တာကြောင့်ဖြစ်တယ်။

ဖျော်ဖြေရေးအနုပညာပွဲတော်ဆိုတာက ဝေ့မင်အလယ်တန်းကျောင်းရဲ့ အရေးကြီးတဲ့နှစ်ပတ်လည်ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ အဲဒီပွဲတော်ကို ကျောင်းတည်ထောင်ခြင်းအထိမ်းအမှတ် နှစ်ပတ်လည်နေ့မှာ ကျင်းပလေ့ရှိပြီး အတန်းတိုင်းက အစီအစဉ်တစ်ခုဆီကို ပါဝင်ဆင်နွဲကြရမှာဖြစ်တယ်။ ဒီနှစ်မှာတော့ အတန်း ၈-၇ က လူဆယ်ယောက်ပါဝင်တဲ့ ခေတ်ပေါ်အဖွဲ့လိုက်အကကို ပြင်ဆင်ထားတာ ဖြစ်တယ်။ အကအဖွဲ့ထဲက တစ်ယောက်က လေ့ကျင့်နေတဲ့အချိန်မှာ သူမခြေကျင်းဝတ်လည်သွားခဲ့တာကြောင့် အတန်းရဲ့အနုပညာကော်မတီအဖွဲ့ဝင်တွေက စုပေကို အစားထိုးအနေနဲ့ ဆွဲထည့်လိုက်ကြတာဖြစ်တယ်။ စုပေက ဒီအကကို လေ့ကျင့်ချိန် လဝက်လောက်နောက်ကျနေတာကြောင့် လူတိုင်းက သက်သက်ညှာညှာ ရှိကြပြီး သူမအပေါ်သိပ်ဖိအားမပေးကြဘူး။ သို့ပေသိ သူမအတန်းဖော်တွေ နောက်မှာကျန်မနေချင်တာကြောင့် စုပေက အားလပ်ရက်တွေမှာဆိုရင် အိမ်မှာနေပြီး သီးသန့်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

အဖွဲ့လိုက်ဖျော်ဖြေမှုတွေအပြင် တစ်ဦးချင်းဖျော်ဖြေတင်ဆက်မှုတွေလည်းပါဝင်တယ်။ အမှတ်အရဆုံးတစ်ခုက အဖွင့်ဖျော်ဖြေတင်ဆက်မှုပဲဖြစ်တယ်။ အရင်ကဆိုရင် ဒီပွဲတော်ကအစီအစဉ်တွေကို ကြုံသလိုစီစဉ်ခဲ့ကြတာဖြစ်တယ်။ နောက်ပိုင်းမှာတော့ တစ်ဦးချင်းဖျော်ဖြေတင်ဆက်မှုတွေက အလွန်တရာခမ်းနားကြီးကျယ်လှတဲ့ 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' တွေအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now