Chapter 57

11.2K 1.9K 58
                                    

MWFV Ch 57

Sports Festival

Zawgyi Version

အားကစားပွဲတော်နေ့တွင် ဦးလေးဖုမှ မီးဖိုချောင်ဝန်ထမ်းများအား စောစောလာ‌ရောက်ကြပြီး စုပေနှင့် စုရှောင်ပေါင်တို့အတွက် အာဟာရရှိမည့် မနက်စာကို စားပွဲအပြည့် ပြင်ဆင်ပေးထားရန် ညွှန်ကြားထားခဲ့တယ်။

"ရှောင်ပေါင်, ရှောင်ပေ, မင်းတို့နှစ်ယောက် များများစားရမယ်နော်။ ဒါပြီးရင် မင်းတို့က ကြိုးကြိုးစားစားနဲ့ အလုပ်တွေ လုပ်ရပြီးတော့ energy တွေ အများကြီးလိုကြအုန်းမှာ" ဦးလေးဖုက သူတို့ရဲ့ပန်းကန်လုံးထဲသို့ ကြက်ဥပြုတ်တစ်လုံးစီ ထည့်ပေးရင်း ပြုံးပြလိုက်တယ်။

"ကျေးဇူးပါ, ဦးလေးဖု" စုပေက ကြက်ဥကိုယူပြီး ရှင်းပြလိုက်တယ် : "ဒါပေမယ့် သမီးတို့ ဒီမနက် ဘာပြိုင်ပွဲမှမရှိဘူး"

ဝေ့မင်အလယ်တန်းကျောင်း အားကစားပွဲတော်၏ ပထမနေ့အတွက် အစီအစဉ်က မနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားဖြစ်ကာ အားကစားပြိုင်ပွဲများကိုတော့ နေ့လည်စာ စားပြီးချိန်မှသာ စတင်မှာဖြစ်တယ်။ ဒါ့အပြင် စုပေကလည်း ပြိုင်ပွဲအများကြီးအတွက် စာရင်းပေးသွင်းမထားဘဲ အမျိုးသမီး မီတာ ၄၀၀ တာလတ်ပြိုင်ပွဲ၌သာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ ဆန့်ကျင်ဖက်အနေနဲ့ စုရှောင်ပေါင်ကတော့ ၎င်းအားကစားပွဲတော်၏ အဓိကအမျိုးအစား အားလုံးနီးပါးဖြစ်သည့် ပြိုင်ပွဲပေါင်း ခုနှစ်ပွဲကနေ ရှစ်ပွဲအထိကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်။

အကြောင်းပြချက်အနေနဲ့...

စုပေ ခံစားမိနေတာကတော့ သူတို့အတန်းရဲ့ အားကစားကော်မတီဝင်တွေက စုရှောင်ပေါင်ကို အလွယ်တကူ သေအောင်ရိုက်သတ်နိုင်လောက်တဲ့အထိ သတ္တိမရှိကြဘူးဆိုတာပင်။ ဒီကောင်လေး ဒီလောက်များတဲ့ပြိုင်ပွဲတွေကို စာရင်းပေးတယ်ဆိုတာက ယောက်ျား‌လေးတစ်ယောက်၏ ထုံးစံအတိုင်း ပြိုင်ဆိုင်လိုမှု ပြင်းထန်သောစိတ်ကြောင့်ပင် ဖြစ်လေတယ် : ဘာဖြစ်လို့လည်းဆိုတော့ ဒီတစ်ခေါက်မှာ, ရှဲ့မင်ရွှမ်းကလည်း အဓိကအမျိုးအစား အားလုံးနီးပါးကို စာရင်းပေးသွင်းထားတာကြောင့်ပဲဖြစ်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now