Chapter 92

10K 1.7K 29
                                    


MWFV Ch 92

Guilty Feeling

Zawgyi Version

ထိုနေ့အစည်းအဝေး၌ လင်းရှောက်ချီက စုပေ၏ identity အား NST ကုမ္ပဏီ၏ ရာထူးမြင့်ဝန်ထမ်းများထံ တရားဝင်မိတ်ဆက်ပေးခဲ့တယ်။ အချိန်တိုအတွင်း သူမအကြောင်းကြိုသိနေခဲ့ကြတဲ့ နည်းပညာဌာန၏ ဝန်ထမ်းအနည်းငယ်မှလွဲ၍ အခြားသူများခမျာ လုံးဝကို‌ ရှော့ခ်ရသွားခဲ့ကြတယ်။

ဘာ? ဒါဆို ဒီမမလေးချင်က သူတို့ big boss ကြီးရဲ့သမီးဖြစ်ရုံတင်မကဘဲ အဲ့ဒီဒဏ္ဍာရီဆန်တဲ့ လျှို့ဝှက်ဆန်းကြယ် အကြံပေးပုဂ္ဂိုလ်ဆိုတာကြီးပေါ့?!

ကုမ္ပဏီစတင်ချိန်ကတည်းက NST မှာ အလွန်ထူးချွန်တဲ့ အဝေးမှ အကြံပေးပုဂ္ဂိုလ်တစ်ယောက်ရှိနေခဲ့တယ်။ ဒီအချက်က အထူးသဖြင့် အလယ်အလတ်တန်းနှင့် အထက်တန်းစီမံခန့်ခွဲမှုအကြားမှာ လျှို့ဝှက်ချက်တစ်ခု လုံးလုံးမဟုတ်တော့ဘူး။ အမှန်တော့ ဒီလျှို့ဝှက်ဆန်းကြယ် အကြံပေးပုဂ္ဂိုလ်က ဒီနှစ်တွေမှာ တစ်ခါမှလူလုံးထွက်မပြခဲ့သော်ငြားလည်း သူမက နည်းပညာဌာန၏စီမံကိန်း‌တွေမှာ အမြဲတမ်း ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် အကြံပေးပုဂ္ဂိုလ်က နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုများအား ဖြည့်ဆည်းပေးရုံသာမက ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအပေါ် အကြံဥာဏ်များလည်း ပေးခဲ့တာဖြစ်တယ်။

အခုချိန်မှာ ဥက္ကဋ္ဌလင်း‌ကြေညာလိုက်တာက သူတို့ရှေ့က ခပ်ငယ်ငယ်ကောင်မလေးက တကယ်‌တော့ သူတို့စိတ်ထဲက နတ်ဘုရားတစ်ပါးနီးနီးဖြစ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် ပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ သူတို့တွေ ရှော့ခ်မရသွားစရာအကြောင်း လုံးဝမရှိဘူး။ အမှန်တကယ်တော့ ဥက္ကဋ္ဌလင်းက မမလေးချင်ကို သူ့ရည်းစားအဖြစ် မိတ်ဆက်ပေးခဲ့မယ်ဆိုရင်တောင် သူတို့တွေ ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြစ်နေရမှာမဟုတ်ဘူး။

အလွန့်အလွန် ရှော့ခ်ရနေကြတဲ့အကြည့်တွေအောက်မှာပဲ စုပေက သူ့ကိုယ်သူ တည်ငြိမ်စွာ မိတ်ဆက်လိုက်တယ်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မနာမည် ချင်ယွဲ့ပါ, နောက်ပြီး [Q] လို့လည်း သိကြပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ကျွန်မ ဒီကို တိုက်ရိုက်မလာနိုင်ပေမဲ့ အားလုံးနဲ့ ဖုန်းကနေတဆင့် အလုပ်လုပ်ခွင့်ရတာကို ဝမ်းသာမိပါတယ်"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now