Chapter 95

8.8K 1.6K 31
                                    

MWFV Ch 95

Awkward

Zawgyi Version

စု‌‌ပေ နောက်ဆုံးတော့ တစ်ခုခုမှားနေပြီဆိုတာကို သဘောပေါက်လိုက်တယ်။ အရင်က သူမနဲ့ စုရှောင်ပေါင်အပေါ် လင်းရှောက်ချီရဲ့သဘောထားတွေက အမြဲတ‌စေ အစ်ကိုကြီးတစ်ယောက်လိုဖြစ်နေခဲ့တယ်, အဲ့ဒါကြောင့် တစ်ခါတစ်လေဆို စုပေက ကိုကြီးလင်းက ဖေဖေနဲ့ပိုပိုတူလာတယ်လို့တောင် နောက်တောက်တောက်ပြောလေ့ရှိတယ်။

သို့ပေသိ လင်းရှောက်ချီ အခုလေးတင်‌ ပြောလိုက်တဲ့စကားတွေက 'အစ်ကို' တစ်ယောက်ရဲ့ဘောင်ကနေ လုံးလုံးလျားလျားကြီးကို ကျော်လွန်နေတယ်ဆိုတာ အရှင်းကြီးပဲဖြစ်တယ်။

"အစ်ကိုလင်း, အစ်ကို-" သူ ဒီနေ့ တစ်ခုခုမှားစားမိလို့များလား?

စုပေ လင်းရှောက်ချီကို ထူးဆန်းတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေမိတယ်။

လင်းရှောက်ချီက ပြုံးရင်း "ဘာလို့လဲလို့ မမေးချင်ဘူးလား?"

လင်းရှောက်ချီ စုပေကို ကြည့်နေမိတယ်။ သူ့အကြည့်တွေက သူမကို အကောင်လိုက်မြိုချမိတော့မတတ် အလွန်နက်ရှိုင်းပြီး ပြင်းပြလှတယ်။

စုပေ : ဟင့်အင်း, သူ မသိချင်ဘူးပါဘူး‌နော်။

လင်းရှောက်ချီ ဘာအဖြေပြောလာမယ်မှန်း သူမ မသိသော်ငြား စု‌ပေ အဲ့ဒါကြီးကို အလိုလိုရှောင်ရှားချင်နေမိတယ်။

သို့သော် သူမ မငြင်းဆန်နိုင်သေးခင်မှာဘဲ လင်းရှောက်ချီက "ဘာလို့လည်းဆိုတော့ ကိုယ်မင်းကိုသ‌ဘောကျလို့‌လေ" ဆိုပြီး ပြောချလိုက်ပြီဖြစ်တယ်။

နောက်ဆုံးတော့ လင်းရှောက်ချီတစ်‌ယောက် သူ့နှလုံးသားထဲမှာ လေးနှစ်ကြာ နက်နက်ရှိုင်းရှိုင်း မြုပ်နှံထားခဲ့တဲ့ စကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီဖြစ်တယ်။ သူပြောပြီးသွားတာနဲ့ လင်းရှောက်ချီ ခဏရပ်လိုက်တယ်။ စုပေရဲ့မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်မှုနဲ့ အံ့အားသင့်မှုတွေကို သူမြင်နေရတယ်။ လင်းရှောက်ချီ သူမလေးကို လန့်မသွားစေချင်ပေမဲ့ ဒီအခိုက်အတန့်မှာ သူတွန့်ဆုတ်နေလို့မဖြစ်ဘူးဆိုတာကို သူသိနေခဲ့တယ်။ သူတစ်ခါတွန့်ဆုတ်လိုက်မိရင် သူ့နှလုံးသားထဲက ရူးလောက်တဲ့ တဒုတ်ဒုတ်ရင်ခုန်သံကို သူ ဒီ့ထက်ပိုပြီး ထိန်းချုပ်ထားနိုင်တော့မှာမဟုတ်ဘူး။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now