Chapter 11

12.5K 1.8K 16
                                    

MWFV Ch 11

School Entrance Test



Zawgyi Version

"ကလေးတွေ ကျောင်းတက်ဖို့ကိစ္စပါ....." ချန်တဲ့က ပြောလိုက်တယ်။

[စုရှောင်ပေါင်နဲ့သမီးက အခုရှစ်တန်းတက်နေတာ။ အဖေ့ကိုရှာမယ်ဆိုပြီး ထွက်လာခဲ့တုန်းက သမီးတို့မှာ ပထမနှစ်ဝက်စာသင်နှစ်က သင်ရိုးတွေတောင် မပြီးသေးဘူး။ ဒီကိုရောက်လာပြီဆိုတော့ သမီးတို့ပညာရေးကို ဆက်လုပ်သင့်တယ်လေ။ ဒါကြောင့်မို့ ဦးလေးရယ် သမီးတို့ကို ဒီမှာကျောင်းထားပေးဖို့အတွက် အဖေ့ကိုပြောပေးပါလားဟင်?]

ဒီစကားတွေက အဲဒီနေ့ ကျင်းယွမ်စံအိမ်မှာရှိနေတုန်း စုပေက သူ့ကိုပြောပြခဲ့တဲ့ စကားလုံးအတိအကျပဲဖြစ်တယ်။ ဒီတောင်းဆိုမှုလေးကို ပြောပြနေချိန်မှာ စုပေရဲ့မျက်နှာက ယဉ်ကျေးသိမ်မွေ့ပြီး သတိထားနေရပုံပေါ်နေပေမယ့် မရမကတောင်းဆိုနေသလိုမျိုးလည်းဖြစ်နေတယ်။

သူတို့မှာ ကလေးတွေမရှိကြတော့ ချန်တဲ့နဲ့ဦးလေးဖုတို့က ဒီကိစ္စကို တစ်ခါမှမတွေးခဲ့မိဘူး။ အဲဒီနေ့က စုပေရဲ့စကားတွေကို ကြားတဲ့အခါကျမှပဲ ချန်တဲ့မှာ ဒီအကြောင်းကို သေသေချာချာစဉ်းစားမိတာဖြစ်တယ်။ အမှန်ပဲ ကလေးတွေရဲ့ပညာရေးဆိုတာက နှောင့်နှေးလို့မဖြစ်ဘူး။ ဒါကြောင့် သူကစုပေကို ဒီကိစ္စအကြောင်း သူဌေးကိုပြောပေးမယ်လို့ ကတိပေးလိုက်ပြီး ပထမဆုံးအခွင့်အရေးရတာနဲ့တစ်ပြိုင်နက် သူကချင်ရှောက်ကို ချက်ချင်းပြောပြလိုက်တယ်။

တစ်ဖက်မှာတော့ ချင်ရှောက်ခမျာ စုပေရဲ့တောင်းဆိုမှုအကြောင်းကို ကြားလိုက်ရတော့ ကြက်သေသေနေမိတယ်။

"Mm"

အကြာကြီးတိတ်ဆိတ်သွားပြီးနောက် ချန်တဲ့က နောက်ဆုံးတော့ ချင်ရှောက်ရဲ့အဖြေကို ကြားလိုက်ရတယ်။

"Mm" ဆိုတာလေးပဲလေ... ဒါကသူသဘောတူလိုက်တာလား? မတူတာလား? ဒါမှမဟုတ် သူ့ဆီမှာ တစ်ခြားညွှန်ကြားချက်များရှိလို့လား?

ချန်တဲ့ရဲ့နောက်ထပ်လာမယ့်မေးခွန်းတွေကို စောင့်မနေတော့ပဲ ချင်ရှောက်က အေးစက်စွာမေးလိုက်တယ် : "နောက်ထပ်တင်ပြစရာရှိသေးလား?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now