Chapter 63

11.3K 1.8K 60
                                    

MWFV Ch 63

Cannot Wait to See

Zawgyi Version

စုန့်မိသားစု၏စံအိမ်တွင်ဖြစ်သည်။

စုန့်ရှင်းယီခမျာ တစ်ပတ်လုံး အိမ်ထဲကအိမ်ပြင်မထွက်ရဲချေ။ အခုဆိုရင် ကျောင်းမှ ကျောင်းသား‌ကျောင်းသူတွေသာမက အင်တာနက်ပေါ်က လူတိုင်းနီးပါး သူမကိုကြိမ်းမောင်းဆဲဆိုနေကြကာ သူမအား ကြောက်စရာကောင်းသူ၊ ကြာပန်းဖြူမ၊ လက်ဖက်စိမ်းမ၊ ခွေးမနှင့် အခြားအမျိုးမျိုး‌သော ဆဲရေးမှုများဖြင့် ရက်ရက်စက်စက် ခေါ်ဆိုနေကြတာဖြစ်တယ်။ သူမအပြင်ထွက်လာတာနဲ့တစ်ပြိုင်နက် သတင်းထောက်တွေနဲ့ ဟိုးအရင်က သူမရဲ့ fan အဟောင်းတွေကပါ သူမကို တံခါးမှာပိတ်ဆို့ထားပြီး သူမကားကို ပတ်လည်ဝိုင်းထားတာမျိုးတွေ လုပ်ဆောင်လာခဲ့ကြတယ်။ အဆိုးတကာ့အဆိုးဆုံးကတော့ 'ဘောပင်ပစ်ထည့်ခြင်း' ဖြစ်ရပ်ပေါ်ထွက်လာပြီးနောက် သူမအား လက်တုံ့ပြန်မည်ဟူသော ခြိမ်းခြောက်ခံရမှုပင်ဖြစ်တယ်။ စုန့်ရှင်းယီခမျာ အပြင်ကိုမထွက်ရဲတော့သလို အင်တာနက်ပေါ်က မှတ်ချက်တွေကိုတောင် မဖတ်ရဲတော့လေဘူး။

"မေမေ, သမီးဘာလုပ်ရမလဲဟင်? သမီးအရမ်းကြောက်တယ်..." စုန့်ရှင်းယီတစ်ယောက် လင်ယုံရဲ့လက်မောင်းတွေထဲမှာ ငိုယိုနေခဲ့တယ်။

ဘောပင်ပစ်ထည့်လိုက်ခြင်းက လုံးဝကို ကြိုတင်မကြံရွယ်ထားတဲ့ စိတ်လိုက်မာန်ပါလုပ်ရပ်တစ်ခုပဲဖြစ်တယ်။ အဲ့ဒီနေ့ သူမပြေးပြီးသွားတဲ့နောက် စုန့်ရှင်းယီကလည်း အများနည်းတူ finish line မှာစောင့်ကြည့်နေခဲ့တယ်။ သို့သော် စုပေက finish line ဆီသို့ တဟုန်ထိုးပြေးလာတာကို သူမြင်လိုက်ရချိန်မှာတော့ စုပေအပေါ် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့တဲ့ မကျေနပ်ချက်နှင့် အမုန်းတရားများက ရုတ်တရက်ဆိုသလို မသိကျိုးကျွန်မပြုနိုင်‌လောက်သော လောင်မြိုက်နေတဲ့ မနာလိုဝန်တိုမှုနှင့်အတူ အလုံးစုံ ပေါက်ကွဲထွက်လာခဲ့တော့တယ်။

စုန့်ရှင်းယီက သူမဘေးရှိ လက်ထောက်အမှတ်ပေးသူထံမှ ဘောပင်ကို တိတ်တိတ်လေး ခိုးယူလိုက်ပြီး ဘယ်သူမှသတိမထားမိချိန်မှာ ၎င်းအား ပြေးလမ်းပေါ်သို့ ခပ်လျှိုလျှိုလေး ပစ်ထည့်လိုက်တယ်။ အဲ့ဒီအချိန်တုန်းက စုပေကို ပထမနေရာမရစေချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကလွဲလို့ စုန့်ရှင်းယီမှာ မည်သည့်အတွေးမှ များများစားစား မရှိလေဘူး။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now