Chapter 4

12.2K 1.8K 14
                                    

MWFV Ch 4

Finding Dad

Zawgyi Version

“နင်ဝင်နှင့်တော့”

စုပေကို အိမ်ပြန်ပို့ပြီးနောက်မှာတော့ စုရှောင်ပေါင်ကသူမနောက်ကနေ အထဲကိုလိုက်မဝင်ဘူး။

အခုတလော သူကဒီလိုမျိုးပဲဖြစ်နေခဲ့တယ်။ စုရှောင်ပေါင်က စုပေကိုအိမ်ပြန်လိုက်ပို့တယ် ပြီးရင် အပြင်ပြန်ထွက်သွားတယ်။ ညစာစားချိန်မတိုင်ခင်အထိ ပြန်မလာဘူး။ တစ်ခါတစ်လေ အရမ်းနောက်ကျသွားရင် သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောကစားနေလို့ဆိုပြီး စုပေကိုအကြောင်းပြတယ်။

စုပေကသူ့အစ်ကိုရဲ့ကျော်ကြားမှုကို ဘယ်တုန်းကမှအထင်မသေးခဲ့ဘူး။ ဒါပေမယ့် တစ်ရွာလုံးမှာ သူတို့နဲ့အတူတူကစားချင်တဲ့လူက လက်တစ်ဖက်တည်းနဲ့ပဲ ရေတွက်လို့တောင်ရတယ်။

“စုရှောင်ပေါင် နင်ချစ်မိနေတာလား..?” စုပေကသူ့ကိုအစ်အောက်မေးလိုက်တယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?” စုပေရဲ့စိတ်ဝင်စားမှုကိုတွေ့လိုက်ရတော့ စုရှောင်ပေါင်က အပြစ်ရှိနေသလိုမျိုး အဝေးကိုငေးကြည့်နေလေတယ် “ငါသွားရတော့မယ်...သူတို့တွေငါ့ကိုစောင့်နေကြမှာ”

စုရှောင်ပေါင်ရဲ့ရှောင်ပြေးချင်တဲ့အမူအရာကိုကြည့်ရင်း စုပေရဲ့သိချင်စိတ်ကနေစိုးရိမ်မှုအဖြစ် ပြောင်းလဲသွားလေတယ်။ ဝတ္ထုအဆုံးမှာ စုရှောင်ပေါင်က လမ်းဘေးလူမိုက်လေးတစ်ယောက်ဖြစ်လာခဲ့တယ်။ အကျင့်စရိုက်မကောင်းတဲ့လူတွေနဲ့တွေ့တာ ဒါမှမဟုတ် ကြီးမားရှုပ်ထွေးတဲ့အကျိုးဆက်တွေ ဖြစ်စေမယ့်အရာတွေကိုလုပ်မိတာတွေကြောင့် စုရှောင်ပေါင်တစ်ယောက် လူမိုက်အဆင့်ထိရောက်သွားမှာကို သူမကြောက်နေမိတယ်။

ဒါကြောင့် စုပေက မနက်ဖြန်တော့ စုရှောင်ပေါင်နောက်ကို တိတ်တိတ်လေးလိုက်ကြည့်ပြီး သူမကိုယ်တိုင် အမှန်တရားကို ရှာဖွေဖို့ဆုံးဖြတ်လိုက်တော့တယ်။

အဲဒီညမှာပဲ သူမအိမ်မက်မက်ခဲ့တယ်။

-----

အိမ်မက်ထဲမှာ သူတို့ကပိုက်ဆံမရှိလေဘူး။

စုပေရဲ့ပညာရေးကိုဆက်နိုင်ဖို့ လက်ကျန်စုငွေလေးကို သုံးရမှာဖြစ်လို့ စုရှောင်ပေါင်က တတိယနှစ်မှာတင် ကျောင်းထွက်ပြီး ငွေရှာရန်အတွက် လူ့အဖွဲ့အစည်းထဲကို ဝင်ရောက်သွားတော့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now