Chapter 61

10.9K 1.8K 54
                                    

MWFV Ch 61

It was Her!

Zawgyi Version

နောက်တစ်‌နေ့မှာ စုပေရဲ့ခြေထောက်က အနည်းငယ် ဖူးယောင်နေသေးသော်ငြား ဟိုနားဒီနားလျှောက်သွားဖို့ အတွက်တော့ ပြဿနာမရှိလှ‌ဘူး။ အဲဒါကြောင့် စုပေက ကျောင်းသို့သွား‌ဆဲပဲဖြစ်တယ်။ သို့သော် သူမပါးပေါ်က ဒဏ်ရာကတော့ အတော်လေးသိသာနေပြီး ချက်ချင်းဆိုသလို ကျောင်းသားများအကြား hot topic တစ်ခု ဖြစ်သွားခဲ့တော့တယ်။

အဲဒီအချိန်မှာပဲ လူအတော်များများက ဖိုရမ်အမျှင်တန်းပေါင်းစုံနဲ့ group chat အသေးလေးတွေ‌ပေါ်မှာ စုပေရဲ့ဒဏ်ရာတွေနဲ့ ပတ်သတ်ပြီး အတင်းအဖျင်း‌တွေ ပြောဆိုနေကြတယ်။

[မြတ်စွာဘုရား! မနေ့က စုပေချော်လဲပြီးတော့ မျက်နှာထိသွားတာလား!]

[ဒီနေ့, ငါ စုရှောင်ပေါင်က စုပေကို ကူတွဲပေးပြီး‌ ကျောင်းထဲကိုလျှောက်လာတာ တွေ့လိုက်တယ်။ ပြီးတော့ သူ့ပါးမှာ တကယ်ဒဏ်ရာကြီးနဲ့ဟ]

[သနားပါတယ်။ မျက်နှာလှလှလေးမှာ ဒဏ်ရာကြီးနဲ့ဆိုတော့]

[ဟေး, မနေ့က ဘာတွေဖြစ်ကြတာလဲ? သူက ဘယ်လိုလုပ်ချော်လဲသွားရတာလဲ?]

[ငါ့အနွေးဘူးညီမလေး ဒဏ်ရာရတာကိုမြင်ရတာ ငါအရမ်းဝမ်းနည်းတယ်ကွာ]

[တကယ်လို့ ငါသာဆိုရင် သေအောင်ငိုမိမှာ]

...

ဒီအခိုက်အတန့်မှာ, အတင်းအဖျင်းတွေရဲ့အဓိကခေါင်းစီးဖြစ်သူ စုပေကတော့ ငိုမနေလေဘူး။ သူမက စာသင်ခန်းထဲမှာ ရှဲ့မင်ရွှမ်းရယ်၊ တစ်ခြားသူ‌တွေနဲ့အတူထိုင်ကာ မနေ့ကဖြစ်ရပ်ကို လိုက်လံစုံစမ်းဖို့အတွက် ဆွေးနွေးနေကြတာဖြစ်တယ်။

ချန်ဇန်း : "ငါ မနေ့က ပွဲလာကြည့်တဲ့သူတွေကို မေးထားပြီးပြီ။ သူတို့က စုပေချော်လဲသွားတဲ့အချိန်ကိုပဲ မြင်လိုက်ပြီးတော့ တစ်ခြားဘာကိုမှ သတိမထားမိလိုက်ကြဘူးတဲ့"

"ငါလည်း ဘာသတင်းအစအနမှ မရလိုက်ဘူး" ရှုယန်ယန်က ညှိုးငယ်စွာ ထပ်ပြောလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now